
နေပြည်တော် ဩဂုတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိ သူများနှင့်အတူ ရန်ကုန်ဘူတာ ကြီး မြို့ပတ်ရထားရပ်နား၊ ထွက်ခွာသည့်စင်္ကြံအား DEMU ရထားတွဲဆိုင်းများဖြင့် လိုက်လျော ညီထွေဖြစ်စေရေး ပြန်လည်မွမ်းမံ တည်ဆောက်ထားမှုအခြေအနေ ကို ကြည့်ရှုစစ်ဆေးပြီး အရည် အသွေးပြည့်မီစေရေး၊ ခရီးသည် များ ရထားပေါ်တက်/ဆင်းမှု အဆင်ပြေစေရေး၊ စင်္ကြံ၌ ဝန်ထမ်း များ တာဝန်ထမ်းဆောင်မှု စနစ် တကျဖြစ်စေရေး လိုအပ်ချက်များ ကို မှာကြားသည်။
မောင်းနှင်နိုင်မှုကိုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်း၊ အဆင့်(၁)လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် အတွက် ရန်ကုန်ဘူတာကြီးမှ ပဲခူးဘူတာသို့ RBE အထူးရထား ဖြင့် အဆန်လမ်းမှလိုက်ပါစီးနင်း ပြီး စီမံကိန်းပြီးစီးမှုအခြေအနေ ကြောင့် ရထားအမြန်နှုန်းတိုးမြှင့် မောင်းနှင်နိုင်မှုကို စစ်ဆေးသည်။
ထို့နောက် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တိုင်းအဆင့် တာဝန်ရှိသူများကို ခရီးလမ်းတစ်လျှောက် ရထား လမ်းဘေးဝဲယာတွင် အမှိုက်များ ကင်းစင်ရေးကိစ္စ၊ ကျူးကျော်တဲ များ ရှင်းလင်းရေးကိစ္စတို့ကို မှာကြားခြင်း၊ တိုးကြောင်ကလေး ဘူတာတွင် ခရီးသည် အတက်/အဆင်းများ စနစ်တကျဖြစ်ရေး မှာကြားခြင်း၊ ကျောက်တန်း ဘူတာတွင် စီမံကိန်းအရ တပ်ဆင် ထားသော ရထားထိန်းချုပ် စေလွှတ်သည့် Relay Inter-locking System ကိုင်တွယ် ထိန်းသိမ်းမှုကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သည်။
ဆွေးနွေးညှိနှိုင်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးဘူတာ မှ RBE အထူးရထားစီးနင်းကာ မကြာမီက ပဲခူးဘူတာနှင့် ရွှေလှေ ဘူတာအကြား ရထားလမ်းပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ငမိုးရိပ်ချောင်း ရေလျှံပြီး ရေကျော် ခဲ့မှုကြောင့် ရထားလမ်းပျက်စီးခဲ့သည့်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ နောင်ကာလ တွင် ဤသို့ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေ ရေး ဆောင်ရွက်သင့်သည့်လုပ်ငန်း ကို ဆွေးနွေးညှိနှိုင်းကြသည်။
နေ့လယ်စာအတူတကွသုံးဆောင်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာ ယာဒ်ဝင်းအတွင်း စီမံကိန်းအား ဖြင့် တပ်ဆင်ပြီးစီးနေသည့် မော်တာအသုံးပြု ရထားလမ်းလွှဲ၊ လမ်းကူးဆောင်ရွက်သည့် ကိရိ ယာ (Electronic Interlocking System) နှင့် ဘူတာယာဒ်ဝင်း အတွင်း ရထားထိန်းချုပ်သည့် ခေတ်မီနည်းစနစ် တပ်ဆင်အသုံး ပြုပုံတို့ကို စစ်ဆေးကြည့်ရှုပြီး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ရေး လိုအပ်ချက်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော် ခန်းမ၌ ပဲခူးမြို့၌ တာဝန်ထမ်း ဆောင်လျက်ရှိနေသည့် ဝန်ကြီး ဌာနလက်အောက် ဌာနအဖွဲ့ အစည်းများမှဝန်ထမ်းများနှင့် နေ့လယ်စာအတူတကွ သုံးဆောင် သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မြို့တော်ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ ဝန်ထမ်းများဖြစ်သည်နှင့် အညီ နိုင်ငံ့အကျိုးစီးပွားအတွက် ဝန်ထမ်း ကောင်းများ ပီသစွာဖြင့် တာဝန် ကိုကျေပွန်စွာ ထမ်းဆောင်ကြစေ ရေး၊ ရာထူးအလိုက် တာဝန် ဝတ္တရားများကို သိရှိ၊ နားလည်၊ တတ်ကျွမ်းအောင် လေ့လာ ဆည်းပူးကြပြီး ကိုယ့်အရည် အချင်းကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြစေရေး၊ စာကြည့် တိုက်များ ထူထောင်၍ စာဖတ် သည့် အလေ့အကျင့်ရှိစေရေး၊ ဌာနအလိုက် ပုံမှန်ဆန္ဒဖော်ထုတ် ပွဲများ ဆောင်ရွက်ကာ ဝန်ထမ်း များ၏ အခက်အခဲတင်ပြမှုများ အား ဖြေရှင်းဆောင်ရွက်ပေးရေးကိစ္စများကို မှာကြားပြီး ဝန်ထမ်း များကို စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် ပဲခူးမြို့ရှိ မြန်မာ့ စာတိုက်လုပ်ငန်း တိုင်းမန်နေဂျာ ရုံးသို့ သွားရောက်ကာ ဝန်ထမ်း များနှင့် မိသားစုဝင်များကို ရင်းနှီး စွာ တွေ့ဆုံနှုတ်ဆက်၍ စာပို့ လုပ်ငန်း စွမ်းဆောင်နိုင်မှုများ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားသည်။
ညှိနှိုင်းပေါင်းစပ်
မွန်းလွဲပိုင်းတွင် ပဲခူးဘူတာမှ RBE အထူးရထားဖြင့် လိုက်ပါ၍ ပဲခူး-ရန်ကုန် အစုန်လမ်းပိုင်း အတွင်း စီမံကိန်းအားဖြင့် ရထား လမ်းနှင့် တံတားများ ပြီးစီးနေမှု အခြေအနေ၊ မိုင်နှုန်းတိုးမြှင့် မောင်းနှင်နိုင်မှုအခြေအနေတို့ကို စစ်ဆေးကြည့်ရှုကာ ဘူတာများ စနစ်တကျဖြစ်စေရေးကိစ္စ၊ ရထား လမ်းလုံခြုံရေး၊ ကျူးကျော်ရှင်းလင်း ရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စများကို မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်