
နေပြည်တော် ဇူလိုင် ၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘားအံမြို့နယ် အိန္ဒဲကျေးရွာ အုပ်စု ဘုရားလုံကျေးရွာနေ မနန်း သဇင်ခိုင်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ သည်။
အရေးယူထား
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် ကရ သူရိမြို့ အေးမြသာယာကျေးရွာ အနီး ဘုတ်ပြင်း-ကော့သောင်း သွားကားလမ်းတွင် ဖုန်းစံအောင် မောင်းနှင်ပြီး ရဲကိုကိုမြင့် လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ တည်းခို ခန်း ကားပါကင်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရဲမင်းထွန်း မောင်းနှင်ပြီး အာကာထွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား