
နေပြည်တော် ဩဂုတ် ၁၀
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့ဝင်များ သည် ခိုလမ်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြ ရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့ဝင် များသည် နယ်မြေခံတပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသမှု ပေးထားမှုအခြေအနေများ၊ ရောဂါ ကုသ ပျောက်ကင်းသက်သာမှု အခြေအနေများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ပြီး စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်