သိမ်းဆည်းမြေဆိုင်ရာအမှုတွဲများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဗဟိုကော်မတီမှ ချမှတ်ခဲ့သော မူဝါဒ (၅၂) ချက်နှင့်အညီ စိစစ်ဖြေရှင်းဆောင်ရွက်

 

ရန်ကုန်  ဩဂုတ်  ၁၀
ရန်ကုန်တိုင်းဒေသကြီး လယ်ယာ မြေနှင့် အခြားမြေသိမ်းဆည်းခြင်း ခံရမှုများ     ပြန်လည်စိစစ်ရေး ကော်မတီ (၂/၂ဝ၂၄)အစည်းအဝေး အား ယနေ့ညနေပိုင်းက    တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး   အစည်း အဝေးခန်းမ(၃)၌ ပြုလုပ်သည်။
အစည်းအဝေးသို့    ရန်ကုန် တိုင်းဒေသကြီး  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ပြန်လည်စိစစ်ရေးကော်မတီ  ဥက္ကဋ္ဌ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်း၊       ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး   ဝန်ကြီးများနှင့်  တိုင်းဒေသကြီး      ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီး ချုပ်က     အမှာစကားပြောကြား သည်။
ထို့နောက်       ရန်ကုန်တိုင်း ဒေသကြီးလယ်ယာမြေနှင့် အခြား  မြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်       စိစစ်ရေးကော်မတီ အတွင်းရေးမှူး   တိုင်းဒေသကြီး အစိုးရအဖွဲ့         အတွင်းရေးမှူး  ဦးညီညီမင်းက   လျော်ကြေးပေးပြီး ပိတ်သိမ်းမည့်          အမှုတွဲများ၊ ပိုင်ဆိုင်မှု         အထောက်အထား ပြည့်စုံစွာ မတင်ပြနိုင်၍ပိတ်သိမ်း မည့်အမှုတွဲများ၏   အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍       ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန    တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးနှင့် အစည်း အဝေးသို့     တက်ရောက်လာကြ သည့် တာဝန်ရှိသူများက  ဝိုင်းဝန်း အကြံပြု         ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က     သိမ်းဆည်းမြေ ဆိုင်ရာ  အမှုတွဲများကို   ဖြေရှင်း ဆောင်ရွက်ရာတွင် ဗဟိုကော်မတီ မှ ချမှတ်ခဲ့သော မူဝါဒ (၅၂) ချက် နှင့်အညီ  စိစစ်ဖြေရှင်းဆောင်ရွက် လိုကြောင်း၊            ယခင်မြေစစ် ကော်မတီလက်ထက်တွင်   စိစစ် ဖြေရှင်းခဲ့ပြီးနောက်   ကျန်ရှိသည့် အမှုတွဲများမှ   လျော်ကြေးပေးပြီး အမှုတွဲများ၊      ပိတ်သိမ်းသည့် အမှုတွဲများအား   ပိတ်သိမ်းရာတွင် ချမှတ်ထားသည့် မူဝါဒ၊  သက်ဆိုင် ရာ ဌာနများ၏   ဥပဒေ၊   လုပ်ထုံး လုပ်နည်းနှင့်အညီ   ပေါင်းစပ်စိစစ် ၍ ပြည်သူများ   နစ်နာမှုမရှိအောင် ဆောင်ရွက်ရန်     လိုကြောင်း၊ လယ်ယာမြေ         လုပ်ပိုင်ခွင့် အငြင်းပွားမှုနှင့်      ပတ်သက်၍ လယ်ယာမြေဥပဒေ  ပုဒ်မ -၂၅(ဂ)အရ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်အတည်ဖြစ်၍ ဥပဒေ၊    နည်းဥပဒေ၊   လုပ်ထုံး လုပ်နည်းများ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက် များနှင့်အညီ     ပုဂ္ဂိုလ်စွဲမထားဘဲ မှန်မှန်ကန်ကန်        ဆုံးဖြတ်ပေး ရန်    လိုအပ်ကြောင်း  ပြောကြား သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)