နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာနှင့် အဝတ်အထည်များ လာရောက် ဂုဏ်ပြုပေးအပ်

 

နေပြည်တော်    ဩဂုတ်   ၁၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေး      တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်   အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့   ပေးအပ်လျက်ရှိရာ ဩဂုတ်  ၉ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စေတနာ ရှင်ပြည်သူလူထုနှင့်   အလှူရှင် များက    ဂုဏ်ပြုချီးမြှင့်ငွေများ နှင့်    စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ရှမ်းပြည် နယ်အစိုးရအဖွဲ့ရုံး၊ အစည်းဝေး ခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်    ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များ  တက်ရောက်ကြ သည်။
ဦးစွာ   ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာ များနှင့်      အဝတ်အထည်များ ကို  ဒုတိယတိုင်းမှူးထံ ဂုဏ်ပြု  ပေးအပ်သည်။   ယင်းနောက် ဒုတိယတိုင်းမှူးက လှူဒါန်းမှုများ အတွက်     ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ စားသောက်ဖွယ်ရာ များကို     ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းလျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်  ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်