အမှားတော်များ၏ အမှာတော်ပုံ စာအုပ်ထွက်ရှိ

 

အမှားတော်များ၏ အမှာတော်ပုံ စာအုပ်သည် ၂၀၂၂ ခုနှစ် အမျိုးသားစာပေဆု(စာပဒေသာ)ဆုရ ဆရာဝေလွင်မောင်၏ မြန်မာ့သမိုင်းစဉ် အခြေခံပြုစုထားသော     စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်း ပထမ အကြိမ်  ထုတ်ဝေခဲ့ကာ  ဇွန်လတွင်  ဒုတိယ အကြိမ် ထပ်မံထုတ်ဝေထားသည်။ မြန်မာ့ သမိုင်းစဉ်တစ်လျှောက်တွင် အမှန်တွေလည်း ရှိခဲ့သည်။  အမှားတွေလည်း  ဖြစ်ခဲ့သည်။ အမှန်တွေကို အတုယူပြီး တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ကြရန်ဖြစ်သည်။ အမှား တွေကိုမူ   သင်ခန်းစာရယူ၍    နောင်တွင် ထိုကဲ့သို့ ထပ်မံမဖြစ်ကြစေရန်နှင့် နောင်မှ တသည့် နှောင်းနောင်တများ မတမိကြစေရန် ထိုစာအုပ်အမည်ကိုပင်  အတည်ပြုရွေးချယ် ခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
ယင်းစာအုပ်တွင် မြန်မာ့မြေဆိုသည်မှာ၊ မြန်မာ့သွေး    မြန်မာ့သား၊    မြို့ပြနိုင်ငံများ ကာလ (ခေတ်ပြိုင်၊ မင်းပြိုင်) (၆၀၀ ဘီစီ- အေဒီ ၁၁၃၀)၊ ပထမမြန်မာနိုင်ငံတော် (အေဒီ ၁၀၇ - အေဒီ ၁၃၆၈)၊     ထီးပြိုင်  နန်းပြိုင် ပဒေသရာဇ်နိုင်ငံများ  (အေဒီ   ၁၃၀၀- အေဒီ ၁၅၅၀)၊    ဒုတိယမြန်မာနိုင်ငံတော်   (အေဒီ ၁၄၈၆ - အေဒီ ၁၅၉၉ )၊   ညောင်ရမ်းခေတ်   (အေဒီ ၁၅၉၇ - အေဒီ ၁၇၅၂)၊     တတိယမြန်မာ နိုင်ငံတော် (အေဒီ ၁၇၅၂ - အေဒီ ၁၈၈၅)၊  ပြည်ထောင်စုသွေး       မြန်မာ့လွတ်လပ်ရေး (အေဒီ ၁၈၂၄ - အေဒီ ၁၉၄၈)၊ သမိုင်းပေး သင်ခန်းစာ၊    ပြည်ထောင်စုသွေး    ထာဝရ ငြိမ်းချမ်းရေး၊   အမှားတော်များ၏  အမှာ တော်ပုံဟူ၍ အခန်းပေါင်း(၁၂)ခန်းဖြင့် ရေးဖွဲ့ တင်ပြထားသည်။ စာအုပ်၊ စာစောင်၊ စာတမ်း၊ မိန့်ခွန်းများ  စုစုပေါင်း ၅၃ အုပ်အား  မှီငြမ်း ကိုးကား၍ သမိုင်းအထောက်အထား ခိုင်မာ စွာ တင်ပြထားသည်။
အဆိုပါစာအုပ်သည် မြန်မာ့သမိုင်းဖြစ်စဉ် များကို သမားရိုးကျအသွင်ဖြင့် တင်ပြထား ခြင်း မဟုတ်ပါ။ သမိုင်းဖြစ်စဉ်များကို အနှစ် ချုပ်သာဖော်ပြပြီး မည်သည့်အတွက်ကြောင့် ဖြစ်ခဲ့ရသည်၊ မည်ကဲ့သို့ သင်ခန်းစာရယူသင့် သည်များကို အကြောင်းနှင့်အကျိုးဆက်စပ် သုံးသပ်      ပြုစုတင်ပြထားခြင်းဖြစ်သည်။ မြန်မာဆိုသော              ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများ  အားလုံးအတွက် ပြည်ထောင်စုစိတ်ဓာတ်  ရှင်သန်ထက်မြက် ရေး၊     သွေးစည်းညီညွတ်ရေးနှင့်     ထာဝရ ငြိမ်းချမ်းရေးအတွက်    အထောက်အကူပြု စေမည့် စာအုပ်ဖြစ်သည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံ၏    မြင်ကွင်းများနှင့်    နှိုင်းယှဉ် လေ့လာသင်ခန်းစာ          ရယူနိုင်မည်ဖြစ် သည်။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို များသည် ဤသမိုင်းပေးသင်ခန်းစာများကို မမှတ်၊  မနာ၊  မကျင့်၊  မကြံ၊ ပြည်ထောင်စု စိတ်ဓာတ်လည်း မရှိပြန်ဆိုပါလျှင် ရာဇဝင် ဆိုသည်မှာ   တစ်ပတ်မက    အကြိမ်ကြိမ် အခါခါလည်နေပါဦးမည်ဟု    စာရေးသူက အမှာတော်ပုံပြု  တင်ပြထားသည်။  မျိုးချစ် စိတ်ရှိသူ    မြန်မာနိုင်ငံသားတိုင်း   ဖတ်ရှု လေ့လာရမည့်စာအုပ်၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် စာကြည့်တိုက် များတွင်    မဖြစ်မနေထားရှိလေ့လာရမည့်     စာအုပ် ဖြစ်သည်။
ဤစာအုပ်ကို  မြဝတီစာပေတိုက်မှ ထုတ် ဝေပြီး အမှာတော်ပုံစာပေ ၀၉-၉၄၅၄၅၀၀၅၅၊ မွန်မြတ်သူစာပေ      ၀၉-၂၅၇၃၇၈၄၉၅၊ ဆန်းရှိုင်းစာပေ ၀၉-၅၀၈၉၄၆၅၊ ရန်အောင် (၂) စာပေ ၀၉-၅၁၉၅၆၂၉၊ ရာပြည့်စာအုပ် ဆိုင်၊ အင်းဝစာအုပ်ဆိုင်များနှင့် နေပြည်တော် စာအုပ်ဆိုင်များတွင် တန်ဖိုးကျပ် ၉၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။   မြန်မာ့အလင်း