ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျား လာရောက်တွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၁၃


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျား က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ ပြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်သည်။


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြား ပြီး မြန်မာ - တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု   ပိုမိုတိုးတက်ခိုင်မာစေရေး၊    နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊   ဒေသတွင်းနှင့်   နိုင်ငံတကာမျက်နှာစာ အထူးသဖြင့်  အာဆီယံနှင့်  ကုလသမဂ္ဂတွင်  ပိုမိုနီးကပ်စွာ  ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။                                          

သတင်းစဉ်