
ဟနွိုင်း ဇူလိုင် ၄
ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၃ ရက် က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၉၂၂ ဦးရှိပြီး နေ့စဉ်ကူးစက်မှုများ တွင် အများဆုံးကူးစက်မှုဟု သိရ သည်။ ဟိုချီမင်းမြို့တောင်ပိုင်းတွင် ကူးစက်မှုအများဆုံး တွေ့ခဲ့ရသည် ဟု ဗီယက်နမ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ပြည်တွင်းကူးစက်မှု ၉၁၄ ဦး တွင် ၇၁၄ ဦးမှာ ဟိုချီမင်းမြို့မှ ဖြစ်သည်။ ၃၈ ဦးမှာ တောင်ပိုင်း ဘင်ဒွန်ပြည်နယ်မှဖြစ်ပြီး ဖျူယန် ပြည်နယ်မှ ၃၇ ဦးကူးစက်ခံရသည် ဟု သိရသည်။ ကူးစက်မှုထဲမှ အများစုမှာ ယခင်အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသူများ သို့မဟုတ်ဒေသတွင်းအစုလိုက်ကူးစက်မှုများထဲတွင် ပါဝင်သူများ နှင့် ဆက်စပ်မှုရှိသူများ ဖြစ်ကြ သည်။
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ စုစုပေါင်းမှာ ၇၆၄၃ ဦးဖြစ်ပြီး ဇွန် ၂ ရက်ကလည်း ၂၄၈ ဦး ပြန်လည် ကျန်းမာလာသည်ဟု သိရသည်။ ဇူလိုင် ၃ ရက်အထိ ဗီယက်နမ်နိုင်ငံ တွင် ပြည်တွင်းကူးစက်ခံရမှုပေါင်း ၁၇၁၉၉ ဦးရှိပြီး ၁၅၆၂၉ ဦးမှာ ရောဂါပြန်လည်ဖြစ်ပွားရာ ဧပြီလ နှောင်းပိုင်းမှ စတင်ကူးစက်ခံ ရခြင်း ဖြစ်သည်။
ဆင်ဟွာ