
နေပြည်တော် ဩဂုတ် ၁၄
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ နိုင်ငံရေးရာ ဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် အထူးလေယာဉ် ဖြင့် နေပြည်တော်သို့ ရောက်ရှိ ကြသည်။
ကြိုဆိုနှုတ်ဆက်
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ နိုင်ငံရေးရာ ဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စ မာကျားနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
သတင်းစဉ်