အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံကြေညာခြင်း
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာ သင်နှစ်၊   အဝေးသင်  သင်တန်းများ   ကျောင်းဝင်မှတ်ပုံတင်ခြင်းကို  ၁၆-၉-၂၀၂၄   ရက်နေ့အထိ သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း ကြေညာလိုက်သည်။
အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန