ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး

 

နေပြည်တော်  ဩဂုတ်  ၁၄


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် တရုတ် ကွန်မြူနစ်ပါတီ     ဗဟိုကော်မတီ၊ နိုင်ငံရေးရာ     ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး     မစ္စတာ ဝမ်ယိနှင့် မြန်မာ-တရုတ်  နှစ်နိုင်ငံ ဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီ ၁၀ မိနစ်တွင်    နိုင်ငံခြားရေးဝန်ကြီး ဌာန     နေပြည်တော်၌     ကျင်းပ သည်။


အဆိုပါ  နှစ်နိုင်ငံဆွေးနွေးပွဲ တွင်   မြန်မာ-တရုတ်   နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို      ဆက်လက်ပိုမို ခိုင်မာလာစေရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသ     တည်ငြိမ်အေးချမ်းရေး အတွက်     ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး    လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် ကူညီ ပံ့ပိုးမှုများ  ဆက်လက်ပေးအပ်သွား ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက်  တရုတ်နိုင်ငံမှ    ကူညီ ထောက်ပံ့သွားမည့်  အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံ  ရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ   ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်      ဆွေးနွေးခဲ့ သည်။ ထို့ပြင်  ဒုတိယဝန်ကြီးချုပ် သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး အား မြန်မာနိုင်ငံ၏   နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု     အခြေအနေ များကိုလည်း  ရှင်းလင်းပြောကြား ခဲ့သည်။


ညပိုင်းတွင်  ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး    ဦးဆောင် သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ အား Horizon Lake View ဟိုတယ် ၌   ညစာဖြင့်  တည်ခင်းဧည်ခံခဲ့ သည်။


 သတင်းစဉ်