
နေပြည်တော် ဩဂုတ် ၁၄
၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့ တောင်ပင်လယ်ပုလဲ ရောင်းချပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့ နံနက်ပိုင်းမှစ၍ ပြည် တွင်း၊ ပြည်ပ ရတနာကုန်သည် များသည် မဏိရတနာကျောက် စိမ်းခန်းမအတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲ အတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ထို့နောက် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၂၃၁)မှ အတွဲအမှတ် (၃၄၅) တွဲအထိနှင့် တင်ဒါအမှတ်(၄) ဖြစ်သည့် ပုလဲ အတွဲအမှတ် (၃၄၆) တွဲမှ ပုလဲအတွဲ အမှတ် (၄၆၀) အထိကို ရတနာကုန် သည်များက ကြည့်ရှုစစ်ဆေးကြ ကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင် ပင်လယ်ပုလဲရောင်းချပွဲ ဗဟို ကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူနှင့်တာဝန်ရှိသူတို့သည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုလဲအတွဲများ ရောင်းချနေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယင်းနောက် တင်ဒါအမှတ်(၃)နှင့် တင်ဒါအမှတ် (၄)တို့မှ ပုလဲ အတွဲပေါင်း(၂၃၀) တင်သွင်းထား သော ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက ဖွင့်ဖောက် စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၄) တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပုလဲရောင်းချပွဲ စတုတ္ထနေ့ တွင် တင်ဒါအမှတ်(၅) ဖြစ်သည့် ပုလဲအတွဲအမှတ်(၄၆၁)မှ အတွဲ အမှတ် (၅၈၀) အထိ ပုလဲအတွဲ ပေါင်း (၁၂၀) တွဲနှင့် တင်ဒါအမှတ် (၆)ဖြစ်သည့် ပုလဲအတွဲအမှတ် (၅၈၁) မှ အတွဲအမှတ်(၇၀၀)အထိ ပုလဲအတွဲပေါင်း (၁၂၀) တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန် သည်များအား ဆက်လက်ရောင်း ချပေးသွားမည်ဖြစ်သည်။
မြန်မာ့ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ မြန်မာ့ ကျောက်မျက်ရတနာပြပွဲများနှင့် အတူ ပူးပေါင်း၍လည်းကောင်း၊ မြန်မာ့ပုလဲ သီးသန့်ဖြင့် လည်းကောင်း အောင်မြင်စွာ ကျင်းပပေးခဲ့ရာ ယခုကျင်းပပြုလုပ် သည့် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ် မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်