နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

 

နေပြည်တော်   ဩဂုတ်  ၁၄  


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်များက  စားသောက် ဖွယ်ရာများ      လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာယနေ့ နံနက်ပိုင်းက  ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊      စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်  များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ  ဂုဏ်ပြု ပေးအပ်ခြင်းကို       နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ      ပေါင်းလောင်း ရိပ်သာ၌    ပြုလုပ်ရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ ဦးကိုကို၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊     ဦးကိုကိုလွင်၊ ပြည်ထောင်စုရာထူးဝန်   ဥက္ကဋ္ဌ ဦးအောင်သော်၊      နေပြည်တော် တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်   စိုးမင်းနှင့်  တာဝန်ရှိသူ များ၊     စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။


ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများက   ငွေကျပ်သိန်း သုံးရာနှင့်   ငွေကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ     စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်း မိသားစုများက     ငွေကျပ်သိန်း ငါးဆယ်နှင့် ငွေကျပ်နှစ်ဆယ့်နှစ် သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊    နယ်စပ် ရေးရာဝန်ကြီးဌာနမှ   ဝန်ထမ်း မိသားစုများက      ငွေကျပ်သိန်း တစ်ရာနှင့်  ငွေကျပ်သိန်း   သုံးရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊  စွမ်းအင်ဝန်ကြီး ဌာနမှ      ဝန်ထမ်းမိသားစုများက ငွေကျပ်    လေးရာ့ငါးသိန်းကျော် တန်ဖိုးရှိ  စားသောက်ဖွယ်ရာများ ကို လည်းကောင်း၊  ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ  ဝန်ထမ်းမိသားစု များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် များရှိ သင်တန်းသား သင်တန်းသူ များက        ငွေကျပ်ခြောက်ဆယ့် သုံးသိန်းနှင့် ငွေကျပ်သိန်းတစ်ရာ့ တစ်ဆယ်တန်ဖိုးရှိ စားသောက်ဖွယ် ရာများကိုလည်းကောင်း၊    စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇)   ကျောင်းဆင်း အရာရှိမိသားစုများက   ငွေကျပ် တစ်ဆယ့်       ခုနစ်သိန်းကိုလည်း ကောင်း လှူဒါန်းကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး          ကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌများနှင့် အလှူရှင် များက    တိုင်းမှူးထံ  အသီးသီး ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ပြီး ကျေးဇူး တင်စကား     ပြန်လည်ပြောကြား သည်။


အဆိုပါ  စားသောက်ဖွယ်ရာ များကို         ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ် ရေးနှင့်    လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ   တာဝန်ထမ်းလျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်  ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်