
နေပြည်တော် ဩဂုတ် ၁၄
ငွေရေးကြေးရေး တည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌများဆွေးနွေး ပွဲနှင့် (၁၅) ကြိမ်မြောက် အရှေ့ တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဩဂုတ် ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပရာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် Virtual ဖြင့် တက်ရောက်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၃ ရက်တွင် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့၊ ငွေရေး ကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ် စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ဆွေးနွေးပွဲကို တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဟောင်ကောင် ငွေကြေးအာဏာ ပိုင်အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများကို ဖယ်ထုတ်ရှင်းလင်း နိုင်ရေးအတွက် လိုအပ်သည့် စွမ်းဆောင်ရည် (Loss Absorbing Capacity - LAC) ဆိုင်ရာ အကြောင်းအရာများကို လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာစာရင်း ရှင်းလင်းရေးဘဏ်မှ ကြွေးမြီ ပေးဆပ်ရန် အခက်အခဲဖြစ်ပေါ် နေသည့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ကြွေးမြီများကို သက်သာရာရရှိစေရန် ပြုလုပ်ပေး သည့် “Bail-in”ဆိုင်ရာ အကြောင်း အရာများကို ဆွစ်ဇာလန်နိုင်ငံ၏ ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Credit Suisse ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ သုံးသပ်ဆွေးနွေးခြင်းကို လည်း ကောင်း၊ စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့နှင့် SEACEN Centre တို့မှ ခရစ်တို ရရန်ပိုင်ခွင့် များနှင့် တန်ဖိုးတည်ငြိမ်သောကွိုင် များ (Stablecoins) နှင့်စပ်လျဉ်း သည့်ဆုံးရှုံးနိုင်ခြေနှင့် မူဝါဒဆိုင်ရာ အလားအလာများ သုံးသပ်ဆွေးနွေး ခြင်းကိုလည်းကောင်း၊ ကမ္ဘာ့ ဘဏ်၊ အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ် နှင့် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့တို့မှ ဒေသတွင်း နိုင်ငံများအနေဖြင့် အစိမ်းရောင် စီးပွားရေးအသွင် ကူးပြောင်းမှု အတွက် ဘဏ္ဍာငွေအရင်းအမြစ် များရှာဖွေနိုင်ရေးဆိုင်ရာ အလား အလာများကို သုံးသပ်ဆွေးနွေး ခြင်းကိုလည်းကောင်း၊ မလေးရှား နိုင်ငံဗဟိုဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ် တို့မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ တုံ့ပြန်ဆောင် ရွက်ရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်းကို လည်း ကောင်း ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ များနှင့် အဆင့်မြင့်အရာရှိကြီးများ က တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံ နှင့် ဗဟုသုတများကို အမြင်ချင်း ဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။
ဩဂုတ် ၁၄ ရက် နံနက်ပိုင်း တွင် ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ အရှေ့တောင်အာရှဗဟို ဘဏ်များအဖွဲ့၏ ခေတ္တအမှု ဆောင်ဒါရိုက်တာ Dr. Srichander Ramaswamy က ဒေသတွင်းနိုင်ငံ များ၏ စီးပွားရေးအလားအလာနှင့် ငွေလုံးငွေရင်း စီးဆင်းမှုများကို လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဗဟို ဘဏ်၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်နှင့် နီပေါနိုင်ငံဗဟိုဘဏ်တို့မှ ငွေရေး ကြေးရေးကဏ္ဍ တည်ငြိမ်ရေး အပေါ် သက်ရောက်လျက်ရှိသည့် ဆုံးရှုံးနိုင်ခြေများနှင့် အဆိုပါအခြေ အနေများကို ထိန်းကျောင်းနိုင်ရေး အတွက် ကြီးကြပ်စစ်ဆေးမှုများ ကို နိုင်ငံအလိုက် ဆောင်ရွက်နေမှု များကိုလည်းကောင်း ပြောကြားခဲ့ ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာ ရှိကြီးများက တင်ပြဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံနှင့် ဗဟုသုတများ ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် (၁၅) ကြိမ် မြောက် အရှ့တောင်အာရှဗဟို ဘဏ်များအဖွဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများ တံခါးပိတ်အစည်းအဝေး သို့ တက်ရောက်သည်။ အစည်း အဝေးတွင် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့မှ ခေတ္တအမှု ဆောင်ဒါရိုက်တာ Dr. Srichander Ramaswamy က ၂၀၂၃ ခုနှစ် အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အရှ့တောင် အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်း အဝေးမှတ်တမ်းအား အတည်ပြု ခြင်းကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် တွင် ကျင်းပပြုလုပ်မည့် ငွေရေး ကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ် စစ်ဆေးမှုဆိုင်ရာ သင်တန်းများ နှင့် သုတေသနစာတမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ SEACEN အဖွဲ့ဝင်နိုင်ငံများ သို့ အထောက်အပံ့ပေးမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး တင်ပြခဲ့ရာ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာ ရှိကြီးများက ဖြည့်စွက်ဆွေးနွေး ကာ လိုအပ်သည်များကို အကြံပြု ပြောကြားခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်