လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်   ၁၄
လူငယ်များ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးစွာဖြင့်   အတွေ့ အကြုံဗဟုသုတများ ဖလှယ်နိုင် စေရေး၊ ရိုးရာယဉ်ကျေးမှု    အနု ပညာအမွေအနှစ်များနှင့် အမျိုး သားယဉ်ကျေးမှုစရိုက်လက္ခဏာ များ မပျောက်ပျက်စေရန် ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်နိုင်စေရေးနှင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက် သည့် သဟဇာတဖြစ်သော လူမှု အသိုက်အဝန်းကို တည်ထောင်နိုင် စေရေးရည်ရွယ်၍   မြန်မာနိုင်ငံ လူငယ်ရေးရာ  ဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် လူငယ် လေ့လာရေးအစီအစဉ်နှင့်   လူမှု အကျိုးပြု   လုပ်ငန်းဆောင်ရွက် ခြင်းများကို  ယနေ့နံနက် ၇ နာရီ က စတင်ဆောင်ရွက်ကြသည်။
ဦးစွာ အဖွဲ့များခွဲ၍   နေပြည် တော်    ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုကြပြီး လေ့လာရေး     အဖွဲ့ဝင်များကို သိရှိလို သည်များနှင့် ဘုရားသမိုင်း ကြောင်းများကို တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြောကြားကြ သည်။  
ထို့နောက်      ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ကလေးပြုစု ရေးဌာနများသို့ သွားရောက်ကြပြီး အဘိုး အဘွားများအား ကျန်းမာ ရေးနှင့်သက်ဆိုင်သော အားပေး နှစ်သိမ့်စကားနှင့်  ခွန်အားဖြစ်စေ သောစကားများ   ပြောကြားခြင်း၊ ခေါင်းဖြီးပေးခြင်း၊   ခြေသည်း/လက်သည်းများ   ညှပ်ပေးခြင်း (အောက်ဝဲပုံ)၊ ပန်းချီရေးဆွဲခြင်း၊   သီချင်းများ သီဆိုခြင်းနှင့် ကလေး ငယ်များနှင့်အတူ ကဗျာသီချင်း များ သီဆိုခြင်း၊ ဘောလုံးများဖြင့်   ဆော့ကစားခြင်း၊   ပန်းချီဆေး ရောင်စုံခြယ်ခြင်းများကို  ဆောင် ရွက်ကြသည်။    
ယင်းနောက်    လူငယ်များ ဒေသန္တရဗဟုသုတများ    တိုးပွား စေရန် နေပြည်တော်   ဥတ္တရသီရိ မြို့နယ်ရှိ    အမျိုးသားစာကြည့် တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုး သားမှတ်တမ်းများ    မော်ကွန်း တိုက်သို့ သွားရောက်လေ့လာကြ ရာ လေ့လာရေးအဖွဲ့မှ လူငယ်များ သိရှိလိုသည်များကို တာဝန်ရှိသူ များက ရှင်းလင်းပြသပေးခဲ့ကြပြီး အမှတ်တရ     လက်ဆောင်များ ဝယ်ယူနိုင်ရန် ဥတ္တရသီရိ Ocean နှင့် Sinma Mall တို့သို့ ပို့ဆောင် ပေးသည်။
ဆက်လက်၍     ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ် ပြသထားသည့်     အားကစား ပြတိုက်၊   စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ၊      အရှေ့တောင်အာရှ အားကစား     ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ   ရရှိ ခဲ့သည့် အားကစားသမားများ၏    ပြိုင်ပွဲယှဉ်ပြိုင်နေမှုနှင့်       ဆုရ မှတ်တမ်းဓာတ်ပုံများ၊ ရွှေတံဆိပ် ဆုများစွာ ဆွတ်ခူးရယူပေးခဲ့သည့်  နိုင်ငံ့ဂုဏ်ဆောင်   အားကစား သမားဟောင်းကြီးများ၏    ပုံတူ ရုပ်တုများကို ကြည့်ရှုလေ့လာကြ ပြီး  သိရှိလိုသည်များကို   ပြခန်း တာဝန်ရှိသူများက    လိုက်လံ ရှင်းလင်းပြသပေးကြကာ    ဝဏ္ဏ သိဒ္ဓိဘောလုံးအားကစားကွင်းကို ဆက်လက်လေ့လာကြသည်။
“လူငယ့်အင်အား စွမ်းပကား ဖြင့်     နိုင်ငံ့ဂုဏ်ရောင်အလင်း ဆောင်အံ့"ဆိုသည့် ဆောင်ပုဒ်နှင့် အညီ လူငယ်များအနေဖြင့်   မိမိ နိုင်ငံကို ချစ်မြတ်နိုးစိတ်များတိုးပွား လာပြီး    အနာဂတ်နိုင်ငံ   ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိက    အင်အားစုများအဖြစ် ပါဝင်နိုင်စေရန်၊    မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအပေါ်   တန်ဖိုးထား ချစ်မြတ်နိုးစိတ်များ  တိုးပွားလာ ပြီး နိုင်ငံသားကောင်းတစ်ယောက် ၏ အခွင့်အရေးနှင့်တာဝန်များကို ပိုမိုနားလည်စေရန်၊  မတူညီသော ဒေသများမှ  လူငယ်များ    တွေ့ဆုံ ဆွေးနွေးခွင့်    ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှု နှင့် နားလည်ယုံကြည်မှု    တည် ဆောက်ပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ    ဗဟို ကော်မတီမှ  ယခုကဲ့သို့   လူငယ် လေ့လာရေးအစီအစဉ်များနှင့် လူမှု အကျိုးပြုလုပ်ငန်း အစီအစဉ်များ ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ  လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်     လူငယ်များသည် ဩဂုတ် ၁၂ နှင့်  ၁၃  ရက်များတို့ ကျင်းပခဲ့သည့်    International Youth Day နှင့် Myanmar Youth Forum သို့ တက်ရောက်ခဲ့သည့် ထူးချွန်ဆုရလူငယ်များနှင့် တိုင်း ဒေသကြီးပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ  ဖြစ်ကြောင်း သိရသည်။                သတင်းစဉ်