
ဂျီနီဗာ ဩဂုတ် ၁၅
အာဖရိက၌ မျောက်ကျောက် ရောဂါဖြစ်ပွားမှု များပြားလာ သည့်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးမှုများပြုလုပ် ထားပြီးဖြစ်သည်။ မျောက် ကျောက်ရောဂါ ကူးစက်ပျံနှံ့မှုများ နောက်ထပ် ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဩဂုတ် ၁၄ ရက်တွင် နိုင်ငံတကာကျန်းမာ ရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
မျောက်ကျောက် ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆွေးနွေး ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကျွမ်းကျင်သူများက အရေးပေါ် ကော်မတီကို ထူထောင်ခဲ့သည်။ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ် ကောင်းသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ တက်ဒရို့စ် အက်ဒ် ဟာနွန် ဂီဘရီယက်ဆုက သတင်း ထောက်များကို ပြောသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် လွန်ခဲ့သည့်နှစ်အတွင်း မျောက် ကျောက်ရောဂါဖြစ်ပွားသူ ၁၄၀၀၀ ကျော်ရှိခဲ့ပြီး တစ်နှစ်အတွင်း ၅၂၄ ဦးကို သေဆုံးစေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
မျောက်ကျောက်ရောဂါသည် အဖျားကြီးခြင်းနှင့် အဖုအပိမ့်များ ထွက်ခြင်းတို့ ဖြစ်ပေါ်စေပြီး တောရိုင်းတိရစ္ဆာန်များ၊ ရောဂါ ကူးစက်ခံထားရသူများနှင့် ထိတွေ့ ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ၂၀၂၂ ခုနှစ်က မျောက်ကျောက် ရောဂါကို အရေးပေါ်အခြေအနေ အဖြစ်ကြေညာခဲ့ပြီး တစ်နှစ်ကြာ သည့်အခါ အဆိုပါကြေညာချက် ကို အဆုံးသတ်ခဲ့သည်။ လက်ရှိ ကူးစက်ဖြစ်ပွားနေမှုများမှာ ယခင် ဖြစ်ပွားမှုထက်ပို၍ ပြင်းထန်သည့် ရောဂါလက္ခဏာများ ရှိသည်ဟု သိရသည်။
လူနာများကို သင့်တော်သည့် ပြုစုစောင့်ရှောက်မှုများ ပေးထား ပြီး ကူးစက်မှုများကို ကာကွယ်ရန် ပြုလုပ်ထားသည်။ ထို့ပြင် ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် နိုင်ငံမှ အာဏာပိုင် အဖွဲ့အစည်းများ မြေပြင်တွင် လက်တွေ့လုပ်ကိုင် နေသည့် မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍လည်း ရောဂါ ကူးစက်မှုတားဆီးနိုင်ရေး ကြိုးပမ်း လျက်ရှိသည်ဟု အာဏာပိုင်များ ကပြောသည်။ အင်န်အိတ်ချ်ကေ