ရီးရဲမက်ဒရစ်အသင်း အတ္တလန္တာကို ဂိုးပြတ်နိုင်ပြီး ယူအီးအက်ဖ်အေစူပါဖလား စံချိန်တင်ဆွတ်ခူး

 

ယူအီးအက်ဖ်အေ     စူပါဖလား ဗိုလ်လုပွဲအဖြစ် ဩဂုတ် ၁၅ ရက် နံနက် ၁ နာရီခွဲက   ပိုလန်နိုင်ငံ ဝါဆောမြို့၌    လာလီဂါ ကလပ် ရီးရဲမက်ဒရစ်အသင်းနှင့် စီးရီးအေ ကလပ်     အတ္တလန္တာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ် အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိပြီး     စူပါဖလားကို စံချိန်တင် ခြောက်ကြိမ် မြောက်  ဆွတ်ခူးရရှိခဲ့သည်။


အဆိုပါပွဲစဉ်တွင် ဇူလိုင်လက ပြင်သစ် နာမည်ကြီး  ပီအက်စ်ဂျီအသင်းမှ    ရီးရဲ မက်ဒရစ်အသင်းသို့   ပြောင်းရွှေ့ရောက်ရှိ လာသော   အသက်  ၂၅   နှစ်အရွယ်  တိုက်စစ်ကစားသမား  အမ်ဘာပေ   ပွဲဦး ထွက်ပါဝင်ကစားခဲ့ပြီး    အသင်းအတွက်   အရေးပါသည့်   သွင်းဂိုးရယူနိုင်ခဲ့သည်။ အတ္တလန္တာအသင်းသည် ပထမပိုင်းတွင် ရီးရဲမက်ဒရစ်အသင်းကို      ခြေရည်တူ တုံ့ပြန် ကစားနိုင်ခဲ့သည်။
ချေပဂိုးရရှိရေးကြိုးပမ်း
ဒုတိယပိုင်းတွင် ရီးရဲမက်ဒရစ်အသင်း ၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကိုသာ   ပွဲချိန်အများစု  ခုခံကာကွယ်ခဲ့ရသည်။  ပွဲချိန် ၅၉ မိနစ်တွင်   ရီးရဲမက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး    ဗင်နီစီးယပ်စ်၏ ဖန်တီးမှုမှ ဗယ်ဗာဒီက သွင်းယူပေးနိုင်ခဲ့ သည်။ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီး နောက်  ပြိုင်ဘက်  အတ္တလန္တာအသင်း၏ ချေပဂိုးရရှိရေး  ကြိုးပမ်းအားထုတ်မှုမှာ ရီးရဲမက်ဒရစ်အသင်း ခံစစ်နှင့် ဂိုးသမား တို့ကို     ကျော်ဖြတ်နိုင်ခြင်းမရှိသည့် အတွက်  အချည်းနှီးဖြစ်ခဲ့ရသည်။
ပွဲချိန်  ၆၈  မိနစ်တွင်   ရီးရဲမက်ဒရစ် အသင်း   ဒုတိယဂိုးရရှိခဲ့ပြီး     ဘဲလင်ဂမ် ၏    ဖန်တီးမှုမှ တိုက်စစ်ကစားသမားသစ်    အမ်ဘာပေက      သွင်းယူပေးနိုင်ခဲ့ သည်။
 နှစ်ဂိုးပြတ်အနိုင်ရရှိ
ထို့နောက်    ရီးရဲမက်ဒရစ်အသင်းရော      အတ္တလန္တာအသင်းပါ   လူစားလဲမှုများ ပြုလုပ်ကာ သွင်းဂိုးရရှိရေးကြိုးစားလာ သော်လည်း     ပွဲချိန်ပြည့်သည်အထိ  တစ်ဖက်နှင့်တစ်ဖက်  ထပ်မံဂိုးသွင်းနိုင် ခြင်းမရှိသည့်အတွက်    ရီးရဲမက်ဒရစ် အသင်းက    နှစ်ဂိုးပြတ်   အနိုင်ရရှိကာ စံချိန်တင်ဖလား     ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယှဉ်ပြိုင်ကစား
ရီးရဲမက်ဒရစ်အသင်းသည် လာလီဂါ အဖွင့်ပွဲစဉ်အဖြစ်  ဩဂုတ် ၁၉ ရက်တွင် မာလော့ကာအသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး    ပြိုင်ဘက်  အတ္တလန္တာ အသင်းက  စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၉ ရက်တွင်    လက်ချီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                                                

အောင်ဇော်