
နေပြည်တော် ဩဂုတ် ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ် လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့ မှ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်း ရိပ်သာ၌ ပြုလုပ်ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူ များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ က ငွေကျပ်သုံးဆယ့်ငါးသိန်းကျော် နှင့် ငွေကျပ်တစ်ဆယ့်လေးသိန်း ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များက ငွေကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က တိုင်းမှူးထံ အသီးသီးဂုဏ်ပြု ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြား သည်။
အလားတူ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ယင်းသို့ ပေးအပ်လှူဒါန်းရာ တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် စေတနာရှင် အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း သုံးရာကိုးဆယ့်ကိုးသိန်း ခြောက်သောင်းနှင့် သုံးဆယ့် ခြောက်သိန်း ခုနစ်သောင်းတန်ဖိုး ရှိ စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံ ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်