
မုံရွာ သြဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး e-Gove- rnment ဦးစီးကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဦးစွာ တိုင်းဒေသကြီး e-Government စနစ် အကောင် အထည်ဖော်ရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်က ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းအား ဆောင် ရွက်ခြင်းဖြင့် ပြည်သူများသည် အစိုးရ၏ ဝန်ဆောင်မှုများအား Online မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး သတင်းအချက် အလက်များကို ရယူ၍ အသုံးချ ခြင်းအားဖြင့် အချိန်နှင့် ငွေကြေး ကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်သည့်အပြင် ဘဏ်လုပ်ငန်း များ လည်ပတ်ဆောင်ရွက်မှု၊ ငွေကြေးဆိုင်ရာ အချက်အလက် များ အခွန်ကောက်ခြင်းကိစ္စရပ် များနှင့် Digital Payment များ အား ပိုမိုအသုံးပြုနိုင်မှုများ မြှင့်တင်နိုင်ခြင်းဖြင့် အဂတိ တိုက်ဖျက်ရေးကိုပါ အကောင် အထည်ဖော် ဆောင်ရွက်ရာ ရောက်မည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး e-Government စနစ် အကောင် အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက တိုင်း ဒေသကြီးအတွင်း e-Govern-ment စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် နှင့် တွဲဖက်အတွင်းရေးမှူး တိုင်း ဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား ရေးမှူးတို့က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် e-Government စနစ် အကောင် အထည်ဖော်ရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေ မှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသ ကြီးအတွင်း e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုမှုနှင့် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)