ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ် ချန်ကျိမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ - တရုတ်ရက်သတ္တပတ် ၂၀၂၄ သို့ ပါဝင်တက်ရောက်

 

နေပြည်တော်  ဩဂုတ်  ၁၆
အာဆီယံ-တရုတ်ရက်သတ္တပတ်- ၂၀၂၄  (ASEAN China Week)  ကို အာဆီယံ - တရုတ်ဘက်စုံ မဟာ ဗျူဟာကျသော       ပူးပေါင်း ဆောင်ရွက်မှု-ဆန်းသစ်တီထွင်မှု များဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic      Partnership: Achieving Prosperity through Innovation)     ခေါင်းစဉ်ဖြင့် သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ တရုတ်ပြည်သူ့     သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ်       ချန်ကျိမြို့ ချန်ကျိဘင်ဟု    ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Chan-gzhi   Binhu  Cultural  and Tourism  Services  Center)  ၌ ကျင်းပပြုလုပ်ခဲ့ရာ  ဟိုတယ်နှင့် ခရီးသွားလာရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်   ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  ပါဝင် တက်ရောက်ခဲ့သည်။
ပြည်ထောင်စု  ဝန်ကြီးသည် သြဂုတ် ၁၁ ရက်တွင်    အာဆီယံ-တရုတ်စင်တာမှ  အတွင်းရေးမှူး ချုပ် မစ္စတာရှီကျုံးကျွင့်နှင့်တွေ့ဆုံ ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးနှင့် တရုတ် ခရီးသွားဧည့်သည်များ  မြန်မာ နိုင်ငံ၏  ခရီးစဉ်ဒေသအကြောင်း များ ပိုမိုသိရှိရေးအတွက် ခရီးသွား လုပ်ငန်း    စျေးကွက်မြှင့်တင်ရေး လုပ်ငန်းစဉ်များတွင်   ပံ့ပိုးကူညီ ပေးစေလိုသည့်    ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်  အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ရှန်းရှီးပြည်နယ်အစိုးရ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေး ပွဲသို့   ဆက်လက်တက်ရောက်ခဲ့ သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ   ကိုယ်စား လှယ်        အဖွဲ့ခေါင်းဆောင်များ နှင့်အတူ           အာဆီယံ-တရုတ် ရက်သတ္တပတ် အစီအစဉ်နှင့်ပူးတွဲ ကျင်းပပြုလုပ်သည့်     အာဆီယံ-တရုတ်ယဉ်ကျေးမှုနှင့်  ခရီးသွား လုပ်ငန်းဆိုင်ရာ         ပြခန်းများ ခင်းကျင်းပြသနေမှုများကို လိုက်လံ ကြည့်ရှုခဲ့ပြီး     ညနေပိုင်းတွင် ရှန်းရှီးပြည်နယ်အစိုးရက တည်ခင်း ကြိုဆိုဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဩဂုတ် ၁၂ရက်တွင် အာဆီယံ- တရုတ်         ရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CPC  ရှန်းရှီးပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့်  ရှန်းရှီး ပြည်နယ်    မြို့တော်ဝန်   မစ္စတာ ကျင်းရှန်းကျွင်း၊       အာဆီယံ အလှည့်ကျဥက္ကဋ္ဌ  နိုင်ငံဖြစ်သည့် လာအိုနိုင်ငံမှ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ   Mr.  Khanbay Damlath၊   အာဆီယံ   အဖွဲ့ဝင် နိုင်ငံများမှ           ဝန်ကြီးအဆင့် ကိုယ်စားလှယ် ခေါင်းဆောင်များ၊ အာဆီယံ-တရုတ်      စင်တာမှ အတွင်းရေးမှူးချုပ်          မစ္စတာ ရှီကျုံးကျွင့်၊      အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ   သံအမတ်ကြီးများ၊ အဆင်မြင့်   ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ  အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ   စီးပွားရေးသံမှူး များ၊   ကျောင်းသားလူငယ်များ၊ တရုတ်ပြည်သူ့     သမ္မတနိုင်ငံမှ သတင်းမီဒီယာများ          ပါဝင် တက်ရောက်ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်  ပါဝင်တက်ရောက် ၍  အဖွင့်အမှာစကားပြောကြား ခဲ့ရာတွင်   ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ   ပိုမိုခိုင်မာစေ ခြင်းဖြင့်       အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊            တည်ငြိမ် အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု များ        အပြန်အလှန်ရရှိနိုင်ပါ ကြောင်း၊ ထို့အပြင် အာဆီယံနှင့် တရုတ်ပြည်သူ့       သမ္မတနိုင်ငံ အကြား    ပြည်သူအချင်းချင်း ယဉ်ကျေးမှုများနှင့်  ဆက်သွယ် သွားလာမှုများ    အပြန်အလှန် တိုးမြှင့်ခြင်းဖြင့်      ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများအပြင် ပြည်သူများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုများနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုတိုးတက်လာ နိုင်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသ တွင်းခရီးသွားလုပ်ငန်း  ပိုမိုဖွံ့ဖြိုး တိုးတက်ရေးကိုလည်း  ပြန်လည် အကျိုးပြုနိုင်မည်  ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စု    ဝန်ကြီးသည် အစီအစဉ်         ဒုတိယပိုင်းအဖြစ် အာဆီယံ-တရုတ်နိုင်ငံအကြား အရည်အသွေး         ပြည့်ဝသော ထုတ်လုပ်မှုများကို တွန်းအားပေး ရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှု ဆိုင်ရာ   နည်းပညာနှင့်  တီထွင် ဖန်တီးမှုများ တိုးမြှင့်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ် မှုမြှင့်တင်ရေးအတွက် “အာဆီယံ- တရုတ်           သွင်းကုန်ထုတ်ကုန် ဝန်ဆောင်မှု      ပလက်ဖောင်း” ဖွင့်လှစ်ခြင်း၊ ကုန်သွယ်မှုမြှင့်တင် ရေးဗီဒီယိုပြသခြင်း၊    အာဆီယံ-တရုတ်စင်တာ၏   အမှတ်တံဆိပ် လာဘ်ကောင်      ဖန်တီးမှုဆုများ ချီးမြှင့်ခြင်းနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း    အစီအစဉ်များသို့ ပါဝင်တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံနှင့်တရုတ် ပြည်သူ့         သမ္မတနိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု   အပြန် အလှန်မျှဝေရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက် ပြီး  အဖွင့်အမှာစကားပြောကြား ခဲ့ရာတွင်    အာဆီယံနှင့်တရုတ် နိုင်ငံအကြား       ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှုများတွင် ခရီးသွားကဏ္ဍမှ   ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှု  အခြေအနေ များကို         ဆွေးနွေးပြောကြားခဲ့ သည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ     အာဆီယံအဖွဲ့ဝင် နိုင်ငံ၏   သံရုံးများမှ  စီးပွားရေး ဆိုင်ရာ အရာရှိများ၊  သံမှူးများက မိမိတို့၏         နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့်      ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ   အခြေအနေများကို  ပါဝင် ဆွေးနွေးခဲ့ရာ          မြန်မာသံရုံး ပေကျင်းမြို့ရှိ    စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က    မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌  ရရှိနိုင်မည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေ နှင့်          အခြေခံအဆောက်အအုံ ဆိုင်ရာ   အကျိုးခံစားခွင့်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး   လုပ်ငန်း ရှင်များ၏      မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်   တရုတ်နိုင်ငံတွင် ဗီဒီယိုများ   လွှင့်တင်ကြော်ငြာ သော      ဝက်(ဘ်)ဆိုဒ်    မီဒီယာ ပလက်ဖောင်း     တစ်ခုဖြစ်သည့် ဘီလီဘီလီ (bilibili) မှ ကိုယ်စား လှယ်နှင့်တွေ့ဆုံကာ  မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗီဒီယိုများကို         ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏   ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်  ဆက်လက် ပူးပေါင်းဆောင်ရွက်လိုသည်များ ကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
ညပိုင်းတွင် အာဆီယံ-တရုတ် ရက်သတ္တပတ်   အထိမ်းအမှတ် အဖြစ်   တေးဂီတဖျော်ဖြေပွဲကို   ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့်           မြန်မာကိုယ်စားလှယ် အဖွဲ့  ပါဝင်တက်ရောက်  အားပေး ခဲ့သည်။
အာဆီယံ-တရုတ် ရက်သတ္တ ပတ်  အစီအစဉ်နှင့် ပူးတွဲကျင်းပ ပြုလုပ်သည့်   အာဆီယံ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများတွင် မြန်မာနိုင်ငံ မှ အထင်ကရခရီးစဉ်ဒေသများနှင့် ယဉ်ကျေးမှုအနုပညာများ၊  ယွန်း ထည်ပစ္စည်းများနှင့် တရုတ်ဘာသာ ဖြင့်   ရေးသားထားသော ခရီးသွား     လုပ်ငန်းမြှင့်တင်ရေး လက်ကမ်း စာစောင်များကို         ပါဝင်ပြသခဲ့ ကြောင်း သိရသည်။   သတင်းစဉ်