တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်   ဩဂုတ်   ၁၆
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ  ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း၏  ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှုနှင့် ကျန်မာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား  မေးမြန်းအားပေးစကားပြောကြားပြီး  စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက်     ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည်  ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး   လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကယားပြည်နယ်   လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၊   ရှမ်းပြည်နယ်(တောင်ပိုင်း)  နမ့်စန်မြို့ရှိ    တပ်မတော်ဆေးရုံ၊   ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့ရှိ    တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံ   (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး  (ခုတင်-၁၀၀၀)၊ လှည်းကူး မြို့နယ်ရှိ တပ်မတော်ဆေးရုံ၊  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ   နယ်မြေခံဆေးတပ်ရင်း၊    ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊   မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တိုင်းမှူး များနှင့်   တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေ များကို    ရင်းရင်းနှီးနှီး    မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိ သည်။                      သတင်းစဉ်