ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း 3rd voice of Global South Summit ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်

 

နေပြည်တော်  ဩဂုတ် ၁၇
အိန္ဒိယနိုင်ငံအစိုးရက ယနေ့တွင် 3rd voice of Global South Sum-mit   ညီလာခံကို   “An Empo-wered  Global  South  for  a Sustainable Future” ခေါင်းစဉ် ဖြင့် ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ် မစ္စတာ နာရင်ဒရာမိုဒီ Shri Narendra Modi  တက်ရောက်၍ အဖွင့်အမှာစကား  ပြောကြားပြီး အဆိုပါညီလာခံ၏   ကျန်းမာရေး ဝန်ကြီးများ ဆွေးနွေးပွဲကို “ One World- One Health ”  ခေါင်းစဉ် ဖြင့်     ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး     ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing      စနစ်ဖြင့် တက်ရောက်၍     အမှာစကား ပြောကြားသည်။
ဦးစွာ    အိန္ဒိယသမ္မတနိုင်ငံ ကျန်းမာရေးနှင့် မိသားစုဖူလုံရေး ပြည်ထောင်စုဝန်ကြီး Shri Jagat Prakash Nadda က အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ တွင် မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံ အပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် Digital Health လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လို ပါကြောင်း၊   မြန်မာနိုင်ငံအစား အသောက်နှင့်   ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန    အနေဖြင့်လည်း  အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး   လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး အစားအသောက်ကွင်းဆက်တစ်ခု လုံး  ထုတ်လုပ်မှုမှသည်   စားသုံး သည်အထိ    ဘေးကင်းလုံခြုံရေး အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း။
မိမိတို့နိုင်ငံများ၌ ရှေးနှစ်ပေါင်း များစွာကတည်းက    ကျန်းမာ ရေးစောင့်ရှောက်မှုတွင် တိုင်းရင်း ဆေးပညာ၏   အခန်းကဏ္ဍကို ချန်ထားခဲ့၍      မရပါကြောင်း၊ တိုင်းရင်းဆေးပညာ     ဦးစီးဌာန နှင့်     တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တို့အနေဖြင့် ဆေးဖက် ဝင်     တိုင်းရင်းဆေးပင်များ ထိန်းသိမ်းခြင်း၊   အရည်အသွေး ကောင်းမွန်အောင်  ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာရပ်နှင့်  ပတ် သက်၍ အတွေ့အကြုံဗဟုသုတ     ဖလှယ်ခြင်းများကို  ဆောင်ရွက် လျက်ရှိပြီး မိတ်ဖက်နိုင်ငံများနှင့် လည်း  ပိုမိုပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မကြာမီ ကာလအတွင်း World Health Organization SETPS survey အား တစ်နိုင်ငံလုံးတွင် ဆောင်ရွက် ရန် စီစဉ်လျက်ရှိပြီး ကျန်းမာသော လူနေမှုဘဝပုံစံ      မြှင့်တင်ရေး လုပ်ငန်းများ   ဆောင်ရွက်ခြင်း၊  ပြည်သူလူထုအား    ကျန်းမာရေး အသိပညာဖြန့်ဝေခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းတို့အား  ပိုမို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊  “One World, One Health”  ခေါင်းစဉ်ဖြင့်    မိမိတို့ ပြည်သူအားလုံးအတွက်     ပိုမို ကောင်းမွန်သော   ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် မိမိတို့ အတူတကွ       တာဝန်ယူပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း ဆွေး နွေးပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယ နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ SCO  အဖွဲ့ဝင်နိုင်ငံများ၊ အာဖရိက နိုင်ငံများ၊ ပစိဖိတ်ကျွန်းစုနိုင်ငံများ စုစုပေါင်း ၁၅ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်၍  အမှာစကားများ ပြောကြားခဲ့ပြီး    ပြည်ထောင်စု ဝန်ကြီးနှင့်အတူ တာဝန်ရှိပုဂ္ဂိုလ် များက  Video Conferencing စနစ်ဖြင့်    တက်ရောက်ခဲ့ကြောင်း သိရသည်။      
          သတင်းစဉ်