မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်   ဩဂုတ်   ၁၇
မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ    စာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်     တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။
ဂန္ဓကုဋိတိုက်များအတွင်း
လေ့လာကြည့်ရှု
ဦးစွာ   မြန်မာနိုင်ငံ      သတင်းမီဒီယာ ကောင်စီနှင့်  မြန်မာနိုင်ငံ   စာရေးဆရာ အသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မာရဝိဇယ    ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး    ဘုရားရင်ပြင် တော်ပတ်လည်၌    စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓ ကုဋိတိုက်များအတွင်း လေ့လာကြည့်ရှု ကြသည်။
ထို့နောက် ဘုရားဖူးလာအဖွဲ့ဝင်များ သည် ရှင်းလင်းဆောင်၌ ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက်    အလှူငွေများ ပေးအပ်လှူဒါန်းကြရာ  ဘုရားဂေါပက အဖွဲ့တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
 ဖူးမြော်ကြည်ညို
ဆက်လက်၍ ဘုရားဖူးလာ အဖွဲ့ဝင် များသည်     ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက် ၌  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့ သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊   ဘုရားရှင် ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့် သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊  မာရ ဝိဇယဆင်းတုတော်ကြီးအား     အစိတ် အပိုင်း လေးပိုင်းခွဲ၍   တည်ဆောက်ထား သော ဆင်းတုတော်ပုံစံငယ်များ၊ မြန်မာ့ ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြပြီး    အခြား    သာသနိက အဆောက်အဦများအား     ဆက်လက် ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား     အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်