ရွှေတောင်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု

 

ရွှေတောင်  ဩဂုတ်   ၁၇
ပဲခူးတိုင်းဒေသကြီး     ပြည်ခရိုင် ရွှေတောင်မြို့နယ်၌  ၂၀၂၄ ခုနှစ်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား  ၂၈ မြို့နယ်နှင့် တက္ကသိုလ် များ၊     ပညာရေးဒီဂရီကောလိပ် များ၊ အသက် ၁၈ နှစ်အောက်နှင့် အသက် ၂၀ နှစ်အောက်  အမျိုး သား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ တွင်    ပြည်ခရိုင်    ကိုယ်စားပြု  ရွှေတောင်မြို့နယ်မှဆုရ ကျောင်း သား ကျောင်းသူများအား ယမန် နေ့     နေ့လယ်ပိုင်းက     ဂုဏ်ပြု ကြိုဆိုကြသည်။ 
     အဆိုပါ ကြိုဆိုပွဲသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း အောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာများ  နှင့်   ကျောင်းသား  ကျောင်းသူ များက ကြိုဆိုခဲ့ကြသည်။
        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား     အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတောင် မြို့နယ်မှ ရွှေတံဆိပ်ဆု ၁၀ ဆု၊ ငွေတံဆိပ်ဆု ခြောက်ဆု နှင့်    ကြေးတံဆိပ်ဆု   တစ်ဆု၊ အမျိုးသား    တံခွန်စိုက်ဆုဖလား နှင့် အမျိုးသမီးတံခွန်စိုက် ဒုတိယ ဆုရရှိခဲ့သဖြင့်    ကျောင်းသား ကျောင်းသူများအား    ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)