ရန်ကုန်-မန္တလေး အမြန်လမ်း၌ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

 

 နေပြည်တော်   ဇူလိုင်   ၄


နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ် ၍      လူငယ်များကို      တိုင်းရင်း သား   လက်နက်ကိုင်အဖွဲ့များထံ တွင်   အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူ လူထု သွားလာလှုပ်ရှားလျက်ရှိ သည့်နေရာများကို     မိုင်းထောင် တိုက်ခိုက်ခြင်း၊    ကလေးသူငယ် များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများကို      မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက် ခြင်းများကို    လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ  လုပ်ဆောင် လျက်ရှိသည်။


ထိုသို့       လုပ်ဆောင်မှုများ ကို       လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေး  ဆောင် ရွက်လျက်ရှိရာ ဇွန် ၂၆ ရက်တွင် ရန်ကုန် - မန္တလေး   အမြန်လမ်း၊ မိုင်တိုင်အမှတ်    (၁၃၅)   အနီး၌ လက်နက်၊ ခဲယမ်းများ သယ်ဆောင် လာသူ     ကျော်ဇောဟိန်း၊   (၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူနှင့်    သိန်းသန်းမိုး၊ (၂၁)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ်နေသူတို့       နှစ်ဦးကို ပရိုဘောက်အမျိုးအစား တက္ကစီ ယာဉ်ပေါ်မှ    AK-47  လေးလက်၊   M-16   နှစ်လက်၊   Glock  အမျိုး အစား   ၉ မမ ပစ္စတို  နှစ်လက် စုစုပေါင်း    လက်နက်ငယ်မျိုးစုံ  ရှစ်လက်၊ ကျည်အိမ် ငါးခု၊ MG 2 အီနာဂါ  ဗုံးသီး ၁၀ လုံး၊   ၅ ဒသမ ၅၆ ကျည် ၃၁၃ တောင့်တို့နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏    ထွက်ဆို ချက်အရ     ဇွန်  ၂၇  ရက်တွင် ဆက်စပ်တရားခံ     ဟန်မောင် မောင်ချို   (ခ)    ပေါင်ပေါင်   ကို ပခုက္ကူမြို့နယ်       မြိုင်သာယာ ကွက်သစ်ရှိ  သနပ်ခါးခြံအတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်များအရ  လက်နက်၊ ခဲယမ်းများကို   မြဝတီမြို့တွင် နေထိုင်သော   နေမျိုးမှတစ်ဆင့် KNDOအဖွဲ့မှ  ချိတ်ဆက်ဝယ်ယူ ခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍      နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို       ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများ     လုပ်ဆောင်မည့် တရားခံများအား ကြိုတင်ဖမ်းဆီး နိုင်ခဲ့ပြီး   ၎င်းတို့အား  ဥပဒေအရ ထိရောက်စွာ    အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်   ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွား မည်ဖြစ်ကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်