
နေပြည်တော် ဩဂုတ် ၁၇
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ရောက်ရှိခဲ့သည်။အဆို ပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်း နှင့် ဆက်စပ်လျက်ရှိသော အနောက် ဘင်္ဂလားပြည်နယ်တို့တွင် အားကောင်း သော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်။
ထိုမှတစ်ဆင့် အနောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရသည်။ မိုး/ဇလ