မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက် သွေးသန့်စင်စင်တာ တက်ရောက်ဖွင့်လှစ်

တောင်တွင်းကြီး    ဩဂုတ်     ၁၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင်   တောင်တွင်းကြီးမြို့နယ်  ငှက်ပစ် တောင်ကျောင်းတိုက်    သွေးသန့်စင်စင်တာဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီး      ဝန်ကြီးများက      ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး (ယာပုံ) တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင်က  ငှက်ပစ်တောင်ကျောက်ကပ်သွေး  သန့်စင်စင်တာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ကျောက်ကပ်သွေးသန့်စင်စင်တာ အတွင်း ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှုကာ        အားပေးစကားများ ပြောကြားပြီး တိုင်းဒေသကြီး  ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး      ဒေါက်တာနန္ဒဝင်းက   ငှက်ပစ်တောင်  ကျောက်ကပ်သွေးသန့်စင်စင်တာ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ငှက်ပစ်တောင်ကျောင်းတိုက်အတွင်း ရှိ    ဘိုးဘွားရိပ်သာသို့ရောက်ရှိပြီး သက်ကြီးဘိုးဘွား များအား   အားပေးစကားပြောကြားကာ   အလှူငွေ များ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းသည်။
ယနေ့ဖွင့်လှစ်သည့် ငှက်ပစ်တောင်ကျောက်ကပ် သွေးသန့်စင်စင်တာ   ဆောက်လုပ်မည့်   အလျား  ၁၅၅ ပေ၊ အနံပေ ၁၂၀ ရှိ မြေနေရာအား မကွေးတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ငှက်ပစ်တောင်ဆရာတော်ကြီးက လှူဒါန်းခြင်းဖြစ်ပြီး အလျား ၄၇ ပေ၊ အနံပေ  ၄၀၊   အမြင့် ၁၃ ပေရှိ ကွန်ကရစ်အဆောက်အဦကို ငွေကျပ်သိန်းပေါင်း  ၉၀၀ ဖြင့်လည်းကောင်း၊ တစ်လုံးလျှင် ငွေကျပ်သိန်း ၃၅၀ တန်ဖိုးရှိ သွေးသန့်စင်စက်ငါးလုံး၊ ငွေကျပ်သိန်းပေါင်း ၅၆၀ တန်ဖိုးရှိ ရေသန့်စက်၊ ငွေကျပ်သိန်း ၉၀၀ တန်ဖိုး ရှိ   သွေးသန့်စင်မည့်ဆေးဝါးများကို  စေတနာရှင်၊ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့က 11 KV ဓာတ်အားလိုင်း ပေ ၂၀၀ နှင့်  200 KV   ထရန်စဖော်မာတစ်လုံး ငွေကျပ်အားဖြင့် ၇၉ ဒသမ ၁ သန်းကို ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း  သိရသည်။  နောင်နောင်(ဗိဿနိုးမြေ)