ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ ၂၇ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

 

နေပြည်တော်   ဩဂုတ်   ၂၀
ကမ္ဘာ့နိုင်ငံပေါင်း  ၁၅၉   နိုင်ငံဖြင့်   ပါဝင် ဖွဲ့စည်းထားသော ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်      နှစ်စဉ် စက်တင်ဘာ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့”   အဖြစ်  သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများက ယင်းနေ့တွင် အခမ်း အနားများ   ကျင်းပလေ့ရှိရာ     မြန်မာနိုင်ငံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံ  တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့ကို စက်တင်ဘာ ၂၇ ရက်တွင် စည်ကား သိုက်မြိုက်စွာ   ကျင်းပသွားမည်ဖြစ်၍ ယင်းနေ့အထိမ်းအမှတ်အဖြစ်   ကျပန်း စကားပြောပြိုင်ပွဲကို   ယနေ့နံနက်ပိုင်း က  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့      ဟိုတယ်နှင့်  ခရီး သွားလာရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာသက်သက်ခိုင်၊     အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် အုပ်ထိန်း သူ ဆရာ ဆရာမများ တက်ရောက်ကြပြီး     နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများ က  Video Conferencing    စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင်      ပြည်ထောင်စု ဝန်ကြီးက    ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ် အတွက် Georgia နိုင်ငံက အိမ်ရှင် Host Country အဖြစ် ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ အလားတူ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂   ခုနှစ်မှစတင်၍    ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနား များကို     ကျင်းပလာခဲ့ရာ      ယခုနှစ်အပါ အဝင် (၁၃) ကြိမ်ရှိပြီ     ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့်  နှစ်အလိုက် ဆောင်ပုဒ်များကို   သတ်မှတ်ပေးလေ့ရှိပြီး   ယခုနှစ်အတွက် ဆောင်ပုဒ်မှာ     Tourism and Peace  ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့်    “ခရီးသွား နှင့်         ငြိမ်းချမ်းရေးလက်တွဲတူယှဉ်   ဖော်ဆောင်ပေး”    ဟု      အဓိပ္ပာယ်ဖွင့်ဆို၍ ဆောင်ပုဒ်အား သတ်မှတ်ထားပါကြောင်း။
အားသွန်ခွန်စိုက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြော ပြိုင်ပွဲ၊    စာစီစာကုံးပြိုင်ပွဲ၊    ဆောင်းပါး ပြိုင်ပွဲများနှင့်   ဓာတ်ပုံပြပွဲ၊    ခရီးသွား မြှင့်တင်ရေး Short Video Clip ပြိုင်ပွဲ တို့ကို   စီစဉ်ကျင်းပမည်ဖြစ်ပါကြောင်း၊    ယနေ့ပြုလုပ်သည့်    ကျပန်းစကားပြော ပြိုင်ပွဲတွင် ပြိုင်ပွဲခေါင်းစဉ်များကိုလည်း လက်ရှိခရီးသွားလုပ်ငန်းကဏ္ဍကို ထင်ဟပ် စေသော ခေါင်းစဉ်များကို  ရွေးချယ်ထား ပြီး ယနေ့ ပြိုင်ပွဲသို့ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်  (ရန်ကုန်)တို့မှ ကျောင်းသား ကျောင်းသူ များနှင့်    ဝန်ကြီးဌာနမှ    ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားကြမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်      မိမိတို့ကျရာ     ခေါင်းစဉ်များကို အားသွန်ခွန်စိုက်ယှဉ်ပြိုင် ကြစေလိုပါကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍    ကျပန်းစကားပြော ပြိုင်ပွဲ    ကျင်းပရေးကော်မတီဥက္ကဋ္ဌက    ပြိုင်ပွဲနှင့်    ပတ်သက်သော    စည်းကမ်း သတ်မှတ်ချက်များ၊ အမှတ်ပေးအစီအစဉ် များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် များက ငြိမ်းချမ်းရေးအတွက်  ခရီးသွား လုပ်ငန်း၏   အခန်းကဏ္ဍ၊   ယဉ်ကျေးမှု ဖလှယ်ရေး  သို့မဟုတ် ခရီးသွားခြင်းဖြင့် ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်း၊ အားလုံး ပါဝင်သော ခရီးသွားလုပ်ငန်း၊   ငြိမ်းချမ်း ရေးပေါင်းကူး သို့မဟုတ် ခရီးသွားခြင်းဖြင့် နားလည်မှုနှင့်     ညီညွတ်မျှတမှုများကို တည်ဆောက်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကို အထောက်အကူပြုနေသည့်   ခရီးသွား လုပ်ငန်း စသည့်ခေါင်းစဉ်ငါးခုကို မဲနှိုက် ရွေးချယ်၍     ကျရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး     ပြည်ထောင်စု ဝန်ကြီးက        နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။   
သတင်းစဉ်