
သိပ္ပံနည်းပညာအင်ဂျင်နီယာ (ထွန်း)
နည်းပညာအသစ် လေဟာနယ်သဲနု
ခြောက်သွန်းပုံအတွင်းသို့
သတ္တုရည်သွန်းလောင်း ထုတ်လုပ်ခြင်းစနစ်
V - Process သတ္တုသွန်းလောင်းခြင်းစနစ် နည်း ပညာကို ၁၉၇၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြု တီထွင် ခဲ့ကြသည်။ မူလသုံးစွဲနေသည့် သဲပုံသွန်းများ အတွင်း သတ္တုရည်သွန်းလောင်းထုတ်လုပ်ခြင်း ထက်ထူးခြားသည်။ အားသာချက်များမှာ ထုတ်လုပ်မှုလျင်မြန်ကာ ကုန်ကျစရိတ် သက်သာ ပြီး လုပ်သားများ၏ ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊ ဆူညံတုန်ခါမှုမဖြစ်စေဘဲ အပြစ်အနာအဆာ ကင်းလွတ်၍ မျက်နှာပြင်ချောမွေ့လှပခြင်း၊ အတိုင်း အတာ တိကျသပ်ရပ်သော သွန်းထည်များကို ထုတ်လုပ်ပေးနိုင်ခြင်း စသည့် ထူးခြားအားသာမှုများ ကြောင့် V-Process ကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန် နိုင်ငံမှ တရုတ်နိုင်ငံက နည်းပညာလွှဲပြောင်း ဝယ်ယူ ခဲ့ပါသည်။
ဝယ်ယူပြီးပြီးချင်း ၎င်းတို့၏ စက်မှုထုတ်လုပ် ရေးလုပ်ငန်းများ၊ ကားပစ္စည်းထုတ်လုပ်မှုလုပ်ငန်း စက်ရုံကြီးများ၌ တွင်ကျယ်စွာ အသုံးချစေသည်။ ထို့ကြောင့် ၎င်းတို့စက်မှုလုပ်ငန်းများ အလျင်အမြန် အရှိန်အဟုန်ကြီးစွာ တိုးတက်လာပြီး ယနေ့ EV ယာဉ်များ ထုတ်လုပ်ရောင်းချကာ ကမ္ဘာ့ဈေးကွက် တွင် ရှေ့တန်းမှ ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။
လိုအပ်သောစက်ပစ္စည်း၊ အစိတ်အပိုင်းများနှင့် အစိတ်အပိုင်းများ၊ အစုအဖွဲ့တပ်ဆင်ထားသည့် အုပ်စုများကို ထည့်သွင်းသည့် ကိုယ်ထည်များ (Components & Housings for Components Assembled Group) ထုတ်လုပ်ခြင်းအတွက်ကိုပါ V-Process Casting နည်းစနစ်ကို ထိရောက် ကျယ်ပြန့်စွာ သုံးနိုင်နေကြသည်။ ယင်းတို့ကို နမူနာသိကြားလေ့လာသိရှိပြီး မိမိတို့စက်မှု လုပ်ငန်းပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများ တွေ့မြင်သိရှိအားကျအတုယူနိုင်ကြရန် ၂၀၀၅ ခုနှစ် က စာရေးသူ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌအနေဖြင့် စာတွေ့ဖတ်မှတ်လေ့လာ တတ်သိနားလည်သည်များကို အခြေခံကာ ငယ်စဉ် က စက်ရုံများ၌ အတူတွဲကာ ထုတ်လုပ်မှုလုပ်ငန်း များ၊ စက်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ၊ သုတေသနပြု တီထွင်ထုတ်လုပ်သည့် လုပ်ငန်းများ တွင် လက်တွဲလုပ်ခဲ့ကြသော အတွေ့အကြုံရင့် အငြိမ်းစားအတတ်ပညာရှင် ဝန်ထမ်းတပည့်များ၏ စွမ်းပကားဖြင့် မြန်မာ့မီးရထားစက်များ ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံတစ်ခုတွင် V Process Casting Pilot Plant ကို တည်ဆောက်ပေးနိုင်ခဲ့ပါ သည်။
နိုင်ငံခြားမှ ဝယ်ယူအသုံးပြုနေသည့် သင်္ဘော အောက်ထပ် ရေမျက်နှာပြင်နှင့် ထိတွေ့သော အခန်းများအတွက် အလုံပိတ်ထားစဉ် အလင်းရစေ ပြီး ရေပြင်နှင့်လွတ်သည့်အခါ ပြတင်းပေါက်ကို ဖွင့်ကာ လေဝင်နိုင်စေသည့် ရေလုံမှန်ပြတင်းပေါက် အဝိုင်း (Water sealed Porthole) ထုတ်လုပ်ရန် လိုအပ်သော အလူမီနီယံကွင်း သွန်းထည်အစိတ် အပိုင်းများ (Porthole ring casting parts) ကို စက်စားရန် မလိုဘဲ တိုက်ရိုက်တပ်ဆင်အသုံးပြုနိုင် သည့် အတိုင်းအတာတိကျကာ မျက်နှာပြင် ချောသွန်းထည်များကို V Process Casting Pilot Plant ဖြင့် လက်တွေ့သွန်းလောင်း ထုတ်လုပ် တပ်ဆင်ပြခဲ့ပါသည်။
မျက်နှာပြင်ချောမွေ့လှပ၊ အပြစ်အနာဆာမဲ့၊ သပ်ရပ်ပြီး အတိုင်းအတာတိကျသည့် စက်တိုက်စား အချောကိုင်စရာမလိုဘဲ သုံးနိုင်သော နံရံချိတ်နိုင် သည့် အနုစိတ်လက်ရာ ပန်းပုထုဆစ် ပုံဖော်ထား သော အလှပစ္စည်း ပန်းကနုတ် ပုံတူအလူမီနီယံ သွန်းထည် (Replica, Aluminium pretty craft casting) ကိုလည်း လက်တွေ့သွန်းလောင်း ထုတ်လုပ်ပြသခဲ့ပါသည်။
လေဟာနယ်ပုံ သွန်းလောင်း နည်းစနစ် စက်လိုင်း(V-Process casting line) ဖြင့် လက်တွေ့ အလူမီနီယံသွန်းထည် (Alumi-nium Casting) သွန်းလောင်း ထုတ်လုပ်နေကြသည်ကို အင်ဂျင် နီယာအသင်း အကျိုးဆောင်ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အသင်းအကျိုး ဆောင် ဗဟိုအလုပ်အမှုဆောင် အင်ဂျင်နီယာများ လာရောက် ကြည့်ရှုလေ့လာကြပြီး အသင်း အကျိုးဆောင်ဥက္ကဋ္ဌက ဦးဆောင် သုတေသနပြု ဖန်တီးတည်ဆောက် လက်တွေ့ပြသနိုင်သည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း အကျိုး ဆောင် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဉာဏ်ထွန်းဦးအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း တင်ခဲ့ပါသည်။
ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကလည်း အင်ဂျင်နီယာအသင်း နည်းပညာ များ ခင်းကျင်းပြသသည့် အခမ်းအနားသို့ လာရောက်ချီးမြှင့်ပြီး သုတေသနပြု တီထွင်ဖန်တီး ဖော်ဆောင်ပြမှုများနှင့် ပတ်သက်သည့် ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် မှတ်တမ်းဓာတ်ပုံများနှင့် ခင်းကျင်းပြသထားသော လက်တွေ့သွန်းလောင်း ထုတ်လုပ်ထားသည့် သွန်းထည်များကို စိတ်ဝင် စားစွာ လေ့လာအားပေးခဲ့ပါသည်။
V Process Casting နည်းပညာ အတိမ်အနက် တန်ဖိုးရှိမှုကို အလေးထားအသုံးချနိုင်သည့် အရည် အသွေးရှိသူ ပညာရှင်များ မပေါ်နိုင်သေး၍ မိမိတို့ စက်မှုလုပ်ငန်းများတွင် ယနေ့တိုင် မြန်မာ့စက်မှု လုပ်ငန်းရှင်များက အသက်သွင်းအသုံးမချနိုင်သေး ခြင်းက မိမိတို့တိုင်းပြည် စက်မှုလုပ်ငန်းများကို အခြားနိုင်ငံကြီးများကဲ့သို့ တိုးတက်မှုမြန်စေခြင်း မရှိသေး၍ အားမရနိုင်ပါ။
သဲပွင့်အရွယ်ကြီးများ၊ ရေ၊ ချုပ်ဆေးမှုန့်များဖြင့် ရောစပ်ထားသည့် နည်းစနစ်သုံး သဲဖြင့်ပြုလုပ် ပုံဆောင်ထားသည့် သဲစိုပုံ (green sand mold) / သဲအပွင့်အရွယ်ကြီးများသုံး ဓာတုတွဲဆက် နည်းစနစ်ဖြင့် ပြုလုပ်ပုံဆောင်ထားသည့် သဲပုံ (chemical setting mold) တို့ဖြင့် ပုံဆောင်ထား သော သဲပုံများအတွင်းသို့ သတ္တုရည်သွန်းလောင်း ထုတ်ယူရရှိသော သွန်းထည်ပစ္စည်းများတွင် လေခိုပေါက်များ၊ အနာများပါပြီး မျက်နှာပြင်ကြမ်း သော သွန်းထည်ပစ္စည်းများ (defective rough surface castings) ကိုသာ ထုတ်လုပ်နိုင်ခဲ့ကြရာတွင် လည်း အလုပ်ခွင်အတွင်း လုပ်ကိုင်နေကြသော လုပ်သားများနှင့် ပတ်ဝန်းကျင်ရှိသူများမှာ သဲအမှုန် များ၊ အန္တရာယ်အငွေ့များကြောင့် ကျန်းမာရေး ထိခိုက်ပါသည်။
ထို့ပြင် ဆူညံမှုအနှောင့်အယှက်လည်း ဖြစ်စေပါသည်။ ထိုဒုက္ခများကို ကျော်လွှားနိုင်သည့် ခြောက်သွေ့သော သဲပွင့်အနုများသက်သက်ဖြင့်သာ လုပ်သားများ ကျန်းမာရေးမထိခိုက်စေဘဲ အရေ အတွက်များစွာကို လျင်မြန်စွာ စရိတ်သက်သာစွာ ဖြင့် ထုတ်လုပ်မှုပေးစွမ်းနိုင်နေသော သဲနုအခြောက် လေဟာနယ်သွန်းပုံ (fine dry sand vacuum mold) သုံးကာ လေပေါက်နှင့် အနာအဆာကင်းပြီး အတိုင်းအတာတိကျသည့် မျက်နှာပြင်ချောမွေ့ လှပသော သတ္တုသွန်းထည်များ (none defective, precise dimension, smooth surface castings) ထုတ်လုပ်နိုင်ပါသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံ တိုင်းက လေဟာနယ်ပုံသွန်းလောင်းစနစ် (V-Process Casting Method) ဖြင့် အလိုအလျောက် အဆင့်ဆင့် ထုတ်လုပ်ပေးနေသည့် စက်လိုင်း (Auto Pro-duction Line) တွင် (Robots assisting) ကိုပါ ထပ်မံဖြည့်စွက်ကာ ပိုပြီးခေတ်မီတိုးတက်စွာ သွန်းလောင်းထုတ်လုပ်လာကြစေရန် စွမ်းဆောင် နေသည်ကို Google, YouTube တို့တွင် မြင်တွေ့ ကြရမည်ဖြစ်ပါသည်။
နည်းပညာအသစ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အတွက် အဖြစ်ဆိုးများကို ကျော်လွှားနိုင်မည့် နည်းပညာအသစ်အဆန်း လျှပ်စစ်စွမ်းအားသုံး ယာဉ်များ (EV)
လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ပြုပျက်စီးစေ နိုင်သည့် ဓာတ်ငွေ့များဖြစ်ပေါ်စေသော ပေါက်ကွဲ စွမ်းအားသုံး အင်ဂျင်(ICE) ဘေးမှ ကင်းဝေးအောင် လျှပ်စစ်စွမ်းအင်သုံးယာဉ် ( EV) များကို နိုင်ငံများ စွာက အစားထိုးသုံးစွဲလာကြပါသည်။ ICEs အစား EVs ယာဉ်များကို သုံးစွဲသူများ အလျင်အမြန် တိုးပွားရေးအတွက် သုတေသနပြုပညာရှင်များ တိုးတက်တီထွင်ပေးလိုက်သည့် နာနိုနည်းပညာ (NanoTechnology) များကို အသုံးပြုထား သော EV ယာဉ်များအကြောင်းကို ဖော်ပြလိုပါ သည်။
EVs ယာဉ်များ၏ အရေးအကြီးဆုံးလည်းဖြစ်၊ တန်ဖိုးအကြီးဆုံးလည်းဖြစ်သည့် စွမ်းအားသို ဘက်ထရီအုပ်စု (Traction Battery Pack) လီသီယံ သတ္တုဘက်ထရီ (Li-ion battery) သည် လီသီယံသတ္တုရှာဖွေရရှိနိုင်မှု ခက်ခဲလာသည်နှင့် အမျှ တန်ဖိုးကလည်း မြင့်မားလာပါသည်။ အပူချိန် များလျှင်မီးလောင်ပေါက်ကွဲမှုဖြစ်စေသည့်အတွက် အသုံးပြုကြသူများ အန္တရာယ်ဖြစ်စေခြင်းကို ကျော်လွှားရန်အတွက် ထိုဘက်ထရီကို အစားထိုး နိုင်မည့် သတ္တုသုံးမျိုးရောစပ်ထားသော LiMn4, LiCoC2 နှင့် LiFePO4 စသည်တို့ကို အမျိုးမျိုး တီထွင်စမ်းသပ်အသုံးပြုခဲ့ကြပါသည်။ ၎င်းတို့ အနက် အကောင်းဆုံးအဖြစ် လက်ခံအသုံးပြုနေကြ သည့် လီသီယံအိုင်းရွန်းဖော့စဖိတ် (LiFePO4) ကို သုံးစွဲလာနေကြပါသည်။
ထပ်ဆင့်တီထွင်လာနိုင်ခဲ့သည်မှာ ပိုမိုကောင်းမွန် သော နာနိုနည်းပညာ Solid State Sodium Batte-ries များက ယခင်လီသီယံအုပ်စုဘက်ထရီများထက် ဈေးသက်သာ၊ ပေါ့ပါးပြီး သိုလှောင်စွမ်းအားများ တိုးတက်လာသဖြင့် မီးလောင်ပေါက်ကွဲမှုဘေးကင်း သော Nano Technology Solid State Batteries ကို ပြောင်းလဲသုံးစွဲလာကြပြီဖြစ်ပါသည်။ အား အပြည့်သွင်းပြီး ခရီးဝေးမိုင် ၆၀၀ ကျော်အထိ သွားလာ နိုင်နေပြီဖြစ်ပါသည်။ ယခင် EV batteries များကို အားဖြည့် သွင်းချိန်နာရီချီကြာရာမှ ယခုမိနစ် ပိုင်းသာကြာတော့သည်မို့ အထူးနှစ်သက်စွာ သုံးစွဲ လာကြပြီဖြစ်ပါသည်။ Nano Technology ဖြင့် EV ကားကိုယ်ထည်နှင့် ကားတွင် တပ်ဆင်အသုံးပြု သော သံမဏိကိုယ်ထည်၊ အခြားသတ္တုပစ္စည်းများ ကိုလည်း polymer and glass-fiber-reinforced plastic materials (FRP) ဖြင့် အစားထိုးလာနိုင်သည့် အတွက် သံမဏိနှင့် သတ္တုများထက် ဒဏ်ခံနိုင်မှု စွမ်းအားပိုကောင်းပြီး အလေးချိန်လည်း ပေါ့ပါး လာပါသည်။
ICE ယာဉ်များနှင့် EV ယာဉ်များအကြောင်း နှိုင်းယှဉ်ဖော်ပြခြင်း
ပေါက်ကွဲစွမ်းအားသုံးယာဉ် {Internal Com-bustion Engine (ICE) } များထက် သာလွန်ကောင်း မွန်ပြီး အဆိပ်ဓာတ်ငွေ့များ ထုတ်လွှင့်မှုမရှိသည့် လျှပ်စစ်စွမ်းအားသုံးယာဉ် (EVs) များအကြောင်း
ပေါက်ကွဲမှု စွမ်းအားသုံး(ICE)ယာဉ်များသည် ယာဉ်လှုပ်ရှားသွားလာဖို့ စွမ်းအင်ထုတ်ပေးရန် စက်ပစ္စည်းအစိတ်အပိုင်းများစွာ ပါဝင်လှုပ်ရှား လည်ပတ်အသုံးပြုသည့်အခါ အစိတ်အပိုင်းများအချင်း ချင်းထိတွေ့တိုက်စားသဖြင့် အရည်သွေး ကျတတ်ပြီး ရပ်တန့်အနှောင့်အယှက် မဖြစ်စေ အောင် ကြိုတင်စစ်ဆေးပြုပြင်ရမှုများ အမြဲလုပ် နေရသည်ကြောင့် ကုန်ကျစရိတ်မနည်းလှပါ။
သွားလာရင်း မမျှော်လင့်ဘဲ ရပ်တန့်သွားသည့် အခါ ရည်မှန်းချက်အတိုင်း အချိန်မီမရောက်နိုင် သည့် အခက်အခဲများခံစားနေကြရသကဲ့သို့ အင်ဂျင် အတွင်းလောင်ကျွမ်းပေါက်ကွဲရာမှ ထွက်ပေါ်လာ သည့် ကာဗွန်အောက်ဆိုက်များနှင့် အဆိပ် ဓာတ်ငွေ့များ (Carbon Oxides and other Toxic Gases) များကြောင့် သတ္တဝါများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ရာသီဥတုပူနွေးမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ Nano Techno Technology ပေါ်ထွက်လာသဖြင့် ခေတ်သစ် EV များမှာ အားဖြည့် သွင်းချိန်မိနစ်ပိုင်းသာကြာပြီး ခရီးမိုင်အရှည်မိုင် ၆၀၀ ခန့်အထိ ခရီးဆန့်နိုင်လာပါသည်။ အဘက် ဘက်မှ အရည်အသွေးမျိုးစုံ တိုးတက်လာခြင်း ဖြစ်၍ ပိုပိုပြီး ICE ယာဉ်များကို ခေတ်သစ် EV များနှင့် အစားထိုးလာနေကြပါသည်။
အင်ဂျင်အတွင်း ပေါက်ကွဲလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော ဆူညံသံကလည်း အနှောင့် အယှက်ဖြစ်စေပါသည်။ ယင်းအထွေထွေဆိုးကျိုး များ ကင်းငြိမ်းစေပြီး ပြည်ပမှစျေးနှုန်း မြင့်စွာ ဝယ်ယူနေရသည့် တွင်းထွက်လောင်စာဆီများ ဝယ်ယူသုံးစွဲနေရမှု လျော့ကျ၊ ပပျောက်စေရန်နှင့် ငြိမ့်ညောင်းညင်သာစွာ သွားလာနိုင်မှုပေးသော ဆန်းသစ် EV ယာဉ်များကို ICE ယာဉ်များနေရာ တွင် အစားထိုးသုံးလာခြင်းကို ခေတ်မီတိုးတက်သည့် နိုင်ငံများ၌ အမြန်ဆုံးဖော်ဆောင်နေကြပြီ ဖြစ်ပါ သည်။
မိမိတိုင်းပြည်အတွက်ပါ အလားတူကောင်းကျိုး ဖော်ဆောင်ပေးနိုင်မည့် ဆန်းသစ် EV များကို ICE ယာဉ်များနေရာတွင် လျင်မြန်စွာအစားထိုးရန် အတွက် အစိုးရဝန်ထမ်းများ၊ အငြိမ်းစားပင်စင်စား များနှင့် ပြည်သူအများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူအသုံးပြုနိုင်ကြစေရန်၊ တန်ဖိုးမမြင့်လွန်း သော လေးဘီးကားငယ် EV (Mini Van/Mini Pick-up) များကို စရိတ်သက်သာစွာ ဝယ်ယူသုံးစွဲ နိုင်ခွင့်ရရန် လိုအပ်ပါသည်။ ထိုလေးဘီး၊ သုံးဘီး ကားငယ် EV ( Mini Van/Mini Pick-up ) များစွာကို မိသားစုများ၊ Taxi များ၊ မွေးမြူရေး၊ လယ်စိုက်ပျိုး ရေး၊ ကုန်စည်အသေး အပေါ့စား စသည့်နေရာများ တွင် သုံးနိုင်ခဲ့ပါက ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်များ ရပ်နားရာတွင် အခက်အခဲများမကြုံတွေ့နိုင်တော့ ဟု မြင်ပါသည်။
ကျေးလက်ဒေသပြည်သူများ လူနှင့်ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ရေးအတွက် သုံးဘီးလျှပ်စစ် ယာဉ်များ (3 wheels EV ) ကိုလည်း ICE ယာဉ်များ နေရာတွင် အစားထိုးသုံးနိုင်အောင် စဉ်းစားစီမံပံ့ပိုး ပေးနိုင်စေလိုပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။ ။
- Log in to post comments