၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အထူးနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်   သြဂုတ်    ၂၀
၂၀၂၄   ခုနှစ်   လူဦးရေနှင့်  အိမ် အကြောင်းအရာ      သန်းခေါင် စာရင်းကောက်ယူနိုင်ရေး ရန်ကုန်  တိုင်းဒေသကြီး      အထူးနည်းပြ သင်တန်းဖွင့်ပွဲ    အခမ်းအနားကို ယမန်နေ့     နံနက်ပိုင်းက     တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး   မင်္ဂလာ ခန်းမ၌ ကျင်းပသည်။
ဦးစွာ         တိုင်းဒေသကြီး  သန်းခေါင်စာရင်း    ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးစိုးသိန်းက  အမှာစကား     ပြောကြားရာတွင်  သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည်     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရ ခြင်းဖြစ်သည့်အတွက်    လုပ်ငန်း ပမာဏ    ကြီးမားကျယ်ပြန့်၍ လုပ်ငန်း  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်   အခက်အခဲ များ၊    စိန်ခေါ်မှုများ   မလွဲမသွေ ကြုံတွေ့နိုင်၍   ပါဝင်ဆောင်ရွက် ရသူအားလုံး      လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေးအနက် ထား     ဆောင်ရွက်ကြစေလို ကြောင်း၊   သင်တန်းက   လေ့ကျင့် သင်ကြားပေးမှုများကို  သေသေ ချာချာလေ့လာမှတ်သားပြီး  မိမိ တို့က  နည်းပြအဖြစ်  ပြန်လည် သင်ကြားပို့ချသည့်အခါ    မခြွင်း မချန်     ထိထိရောက်ရောက် လေ့ကျင့်       သင်ကြားပေးရန် လိုကြောင်း ယနေ့တိုင်းဒေသကြီး အဆင့်   အထူးနည်းပြသင်တန်း ကို   တက်ရောက်လာကြသော သင်တန်းသား  သင်တန်းသူများ သည် ခရိုင်အဆင့် နည်းပြတာဝန် ထမ်းဆောင်ကြရမည်  ဖြစ်သည့် အတွက် သန်းခေါင်စာရင်းမေးခွန်း ပါ      အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ     မှန်မှန်ကန်ကန် ကောက်ယူပေးမည့်  အရည်အချင်း ပြည့်ဝသော   စာရင်းစစ်၊    စာရင်း ကောက်များ  မွေးထုတ်ပေးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ပေးကြ ရန် ပြောကြားပြီး သင်တန်းအတွက် လိုအပ်သည်များ    သုံးစွဲနိုင်ရန် ထောက်ပံ့ငွေများ      ပေးအပ် သည်။ 
ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ ဝင်များ၊  တိုင်းဒေသကြီးသန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ သင်တန်းဆရာ  ဆရာမ များ၊  သင်တန်းသား  သင်တန်းသူ များက    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်း သား  ၁၂ ဦး၊ သင်တန်းသူ  ၃၃    ဦး တို့ တက်ရောက်ပြီး ၁၀ ရက်ကြာ ဖွင့်လှစ်၍  နည်းပြများအနေဖြင့် ဗဟိုအဆင့်    နည်းပြသင်တန်း  တက်ရောက်ခဲ့ကြသော   နည်းပြ များက  သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာ ရပ်ဆိုင်ရာ အကြောင်းအရာများ နှင့် လက်တွေ့လေ့ကျင့်ခန်းများ ကို     ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့်  ဆွေးနွေးပို့ချ ပေးပြီး    အပြန်အလှန်ဆွေးနွေး ခြင်း၊    ပဟေဠိအမေးအဖြေများ မေးမြန်းခြင်းတို့ကို    လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့်   ၂၀၂၄  ခုနှစ်    အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူ မည့်     ၂၀၂၄  ခုနှစ်   လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအတွက်     ဖွင့်လှစ်သော    တိုင်းဒေသကြီး     အထူးနည်းပြ သင်တန်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)