ရှမ်းပြည်နယ်ဝန်ကြီးချုပ် မြို့မိမြို့ဖများ၊ ဘိုးဘွားရိပ်သာထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံ

 

တာချီလိတ်       သြဂုတ်   ၂၀
ရှမ်းပြည်နယ်(အရှေပိုင်း) တာချီလိတ်မြို့ ဘိုးဘွား ရိပ်သာအစည်းအဝေးခန်းမ၌ သြဂုတ်  ၁၉  ရက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည်   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ တာချီလိတ်ရှိ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘိုးဘွားရိပ်သာထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ အလှူ ရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင်      ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်ချက်ရှိနေသည့် ပြည်သူ လူထုများနှင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ လှူဒါန်းပေးရသည့်အတွက်    သဒ္ဓါတရားပွားများ ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒေသခံမြို့မိ မြို့ဖများနှင့် ဘိုးဘွား ရိပ်သာကော်မတီဝင်များက လိုအပ်ချက်များ တင်ပြ ကြရာ  ပြည်နယ်ဝန်ကြီးချုပ်က   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို   ဆောင်ရွက်ရန်အတွက်  ပါဝင် လှူဒါန်းပေးခဲ့သော အလှူရှင်များ၊ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့်   ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား         ထောက်ပံ့ ပေးရန်အတွက် ပါဝင်လှူဒါန်းပေးခဲ့သော အလှူရှင် များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချီးမြှင့်ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည့် တာချီလိတ်မြို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ၊ ပြည်သူများ     အသိပညာဗဟုသုတတိုးပွားစေရေး နှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်ရေး စာကြည့်တိုက်များဆောက်လုပ်ရန် အလှူငွေ များ  ပေးအပ်လှူဒါန်းခဲ့သည့်  အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို    ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြသည်။
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်က    နိဂုံးချုပ် စကားပြောကြားပြီး            ဘိုးဘွားရိပ်သာအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ     အလှူငွေကျပ်သိန်း  ၁၀၀    ကို    ပြည်နယ်ဝန်ကြီးချုပ်က  ပေးအပ်ရာ တာချီလိတ်ဘိုးဘွားရိပ်သာကော်မတီ အဖွဲ့ဝင်များက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဘိုးဆောင်နှင့် အဘွားဆောင်တို့ကို လှည့်လည် ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြ​သည်။ အဆိုပါ တာချီလိတ်ဘိုးဘွားရိပ်သာတွင်    အဘိုး   ၁၁  ဦး၊ အဘွား ၁၂ ဦး စုစုပေါင်း ၂၃ ဦးရှိ​ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တာချီလိတ်ပရဟိတဂေဟာသို့       သွားရောက်ကာ ကျောင်းသား  ကျောင်းသူများကို  အားပေးစကား ပြောကြားသည်။     အဆိုပါ   တာချီလိတ်ပရဟိတ ဂေဟာတွင် ကျောင်းသား ၂၆ ဦး၊ ကျောင်းသူ ၂၇ ဦး စုစုပေါင်း ၅၃ ဦးရှိကြောင်း သိရသည်။
ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ သည် တာချီလိတ်မြို့ အခြေခံပညာအထက်တန်း ကျောင်း (ဆန်ဆိုင်း) သို့ သွားရောက်၍ ဆရာ ဆရာမ များနှင့် တွေ့ဆုံကာ တင်ပြချက်အရ ပြုပြင်ထိန်းသိမ်း ရေးကိစ္စရပ်များကို    သက်ဆိုင်ရာ  ပညာရေးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊   ဆရာ ဆရာမများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ဖြေရှင်းဆောင် ရွက်ပေးရမည့် ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းနှင့် အထက်သို့ တင်ပြစရာများရှိပါက တင်ပြ          ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 မောင်မောင်သန်း(တောင်ကြီး)