စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို တောင်သူဦးကြီးများ နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးမည်

 

ပြည်   ဩဂုတ်   ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ညွှန်ကြားချက်ဖြင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အပတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ဩဂုတ် ၁၉ ရက်က ပြည်မြို့   ဇီးအုပ်တောင်သူ    လယ်သမားသင်တန်း ကျောင်း၌ကျင်းပရာ       တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ     တိုင်းဒေသကြီးဝန်ကြီးချုပ်က       ပဲခူး တိုင်းဒေသကြီး၏      ၇၅      ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင်နေထိုင်ပြီး     စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်နေသူ များဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသည့်   သင်တန်း သည် ကျေးလက်နေတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ     ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး စိုက်ပျိုးရေးနှင့်  မွေးမြူရေးဆိုင်ရာ သိသင့်သိထိုက် သည်များကို တောင်သူဦးကြီးများ နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့်     ကိုယ်တိုင်လုပ်ကိုင်နိုင်သည် အထိ       စာတွေ့လက်တွေ့     သင်ကြားပေးမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း  စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးဆောင်ရွက်ပေးနေသလို စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွား လာစေရေးအတွက်လည်း     ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊   သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာ ဗဟုသုတများကို    စံနမူနာပြအဖြစ်     လက်တွေ့ လိုက်နာကျင့်သုံးကြရန်နှင့် မိမိတို့ရပ်ရွာရှိ တောင်သူ လယ်သမားများထံ     ဆက်လက်ဖြန့်ဝေပေးကြစေ လိုကြောင်း မှာကြားသည်။
ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၊  စီးပွား ရေးရာဝန်ကြီး ဦးတင်ဦး၊  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ဦးတင်ဆွေ၊  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့်    အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့က     တက်ရောက်လာသည့် တောင်သူများထံ      စားဖိုဆောင်သီးနှံ    ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ သင်တန်းကို  ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူ ၄၀  တက်ရောက်လျက်ရှိပြီး သင်တန်း၌ မျိုးစေ့အရည် အသွေး   ထိန်းသိမ်းခြင်းနှင့်    မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပီလောပီနံစနစ်တကျစိုက်ပျိုး ရေး၊ မြေဆီလွှာ အာဟာရဓာတ်ပြည့်ဝစေရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ စပါးသီးနှံတွင် ကျရောက်တတ်သော       ဖျက်ပိုး/  ရောဂါကာကွယ် နှိမ်နင်းနည်းလမ်းများ၊    ဝက်မွေးမြူထုတ်လုပ်ခြင်း၊ လက်ဆွဲကောက်စိုက်စက်        အသုံးပြုခြင်းနှင့် ပျိုးထောင်ခြင်း၊        ဆည်မြောင်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် စိုက်ပျိုးရေအကျိုးရှိစွာ သုံးစွဲနည်း နှင့် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)