
နေပြည်တော် ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဩဂုတ် ၁၇ ရက်တွင် ဖမ်းဆီး ထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဩဂုတ် ၁၇ ရက်က စစ်ရှောင်ပြည်သူ ၁၀ ဦး ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထားသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသခံပြည်သူများအသွင်ဆောင်၍ မြို့ရွာများ အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် နေခြင်းကြောင့် တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှည့်ကင်းပတ်ကင်း များဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင် အမြင် လွဲမှားစေမည့် သတင်းတု၊ သတင်း အမှားများနှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရေးသား ထားသည့် လုပ်ကြံသတင်းများကိုသာ ရည်ရွယ် ချက်ရှိရှိ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်