
တာချီလိတ် ဩဂုတ် ၂၁
မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက တာချီလိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump ဦးဆောင်သောအဖွဲ့နှင့် မြန်မာ နိုင်ငံမှ တာချီလိတ်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့ တို့က နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် တရားမဝင် မူးယစ်ဆေးဝါး၊ online လောင်းကစားများ တားဆီးနှိမ်နင်းရေး၊ မီးခိုးမြူငွေ့ နှင့် ရေကြီးရေလျှံမှုအန္တရာယ် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr Mongkol Visitstump၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို နှင့် ရဲမှူးကြီး အောင်ဇော်မိုးတို့က အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)