
ဝါရှင်တန် သြဂုတ် ၂၁
ယနေ့သည် အမေရိကန် ပြည် ထောင်စု ချီကာဂို၌ ဒီမိုကရက်တစ် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပနေသည့် ဒုတိယမြောက် နေ့ဖြစ်သည်။ ကာမလာဟားရစ် ကို ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် မဲပေးခေါ်ယူသည့် အခမ်းအနားနှင့် ညီလာခံကို ဖွင့်လှစ်ခဲ့သည်။
ကာမလာ ဟားရစ်နှင့် ရွေးကောက်ပွဲဝင်ဖက် မင်နီ ဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ်တို့၏ အမည်စာရင်း တင်သွင်းခြင်းကို အတည်ပြုရန် ကိုယ်စားလှယ်များ စုဝေးရောက်ရှိ ခဲ့ကြသည်။ ကာမလာဟားရစ်နှင့် တင်မ်ဝေါ့လ်ဇ်တို့သည် မဲဆွယ် စည်းရုံးပွဲအတွက် မီလ်ဝါကီ ကို ရောက်ရှိနေသည့်အတွက် အဆိုပါ အခမ်းအနားသို့ မတက်ရောက် နိုင်ခဲ့သော်လည်း အမည်စာရင်း တင်သွင်းခြင်းခံရသည့် အတွက် ဂုဏ်ယူကြောင်း ညီလာခံကျင်းပ နေချိန်အတွင်း အွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ရှေ့ဆက်သွားမည့် လမ်း ကြောင်း၊ လွတ်လပ်ခြင်း၏ အနာဂတ်၊ အကောင်းမြင်မှုနှင့် ယုံကြည်မှုဆိုင်ရာ အခွင့်အလမ်း များအတွက် မိမိတို့အတူတကွ ဖော်ဆောင်သွားမည်ဟု ကာမလာ ဟားရစ်က ပြောကြားလိုက်သည်။
ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံ လုံးဆိုင်ရာကော်မတီသည် ယခုလ အစောပိုင်းတွင် အွန်လိုင်းမဲပေးမှု တစ်ခုပြုလုပ်ခဲ့ပြီး ကာမလာ ဟားရစ်ကို အမည်စာရင်းတင်သွင်း သူအဖြစ် အတည်ပြုပြီးဖြစ်သည်။
အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမားနှင့် ၎င်း၏ ဇနီး မီရှယ်တို့သည် စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ‘‘အမေ ရိက က သူ့ကိုပေးခဲ့တဲ့ တူညီတဲ့ အခွင့်အလမ်းတွေအတိုင်း လူတွေ ကို ပြန်လည်ပေးအပ်ဖို့ သူ့ဘဝ တစ်လျှောက်လုံး ကြိုးစားနေသူ ကို ရွေးကောက်တင်မြှောက်ဖို့ မိမိတို့မှာ အခွင့်အရေးတစ်ခု ရှိတယ်’’ ဟု အမေရိကန်သမ္မတ ဟောင်း အိုဘားမားက ပြောကြား ခဲ့သည်။ ထို့အပြင် နောင်ဖြစ်လာ မည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတသည် ကာမလာဟားရစ် ဖြစ်ကြောင်းလည်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ထောက်ခံ သူများကြားတွင် အိုဘားမားသည် ယခုချိန်အထိ ရေပန်းစားလျက် ရှိသည်။ အထူးသဖြင့် လူငယ် မဲဆန္ဒရှင်များကြားတွင် လူကြိုက် များလျက်ရှိသည်။
အင်န်အိတ်ချ်ကေ