မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားကြောင်းနှင့် ကျန်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်

နေပြည်တော်  ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး    မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာကို ဩဂုတ် ၁၉ ရက်က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင် သွားခဲ့ကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက  လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြင်းခြံ မြို့နယ်မှ  လုံခြုံရေးတာဝန်ရှိသူ   တစ်ဦး၏‌ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက် သမားများက မြင်းခြံမြို့နယ်မှ ကျေးရွာအချို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့်  နေအိမ်များ   မီးလောင် ပျက်စီးပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများမရှိကြောင်း သိရှိရသည်။
၎င်း PDF အမည်ခံအကြမ်းဖက်သမားများ သည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အတွက် ဒေသခံပြည်သူများက လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည်ကို အထင်အမြင်လွဲမှားစေ ရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသား   ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။         သတင်းစဉ်