တနင်္သာရီတိုင်းဒေသကြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနားကျင်းပ

ထားဝယ်      ဩဂုတ်    ၂၁
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တ ပတ်နှင့်အာဟာရဖွံ့ဖြိုးရေး   ရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက    မြန်မာနိုင်ငံအနေဖြင့်     အာဟာရ  စောင့်ရှောက်မှုလုပ်ငန်းများကို   ၁၉၅၄  ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့သောကြောင့် ယခု နှစ်တွင်    နှစ်ပေါင်း ၇၀   တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ရန်ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်အနေဖြင့် သာမက  တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်မြို့နယ် များမှာပါ  နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “မိခင်နို့ချိုတိုက်ကျွေး ဖို့  အားလုံးကူညီပံ့ပိုးစို့” နှင့်အညီ  မိခင်များ  မိခင်နို့ တစ်မျိုးတည်းကို  ခြောက်လအထိ  တိုက်ကျွေးနိုင် ပြီး  ကလေးအသက် ခြောက်လပြည့်သည့်အခါတွင် သင့်လျော်သောဖြည့်စွက်စာကျွေးရန်၊ အနည်းဆုံး ကလေးအသက် နှစ်နှစ်အထိ မိခင်နို့ကိုဆက်လက် တိုက်ကျွေးနိုင်ရန် ဝိုင်းဝန်းကူညီရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီး   အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ  ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်     လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး   ဒေါက်တာမိုးဇော်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး  ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေးရက်သတ္တပတ်နှင့်    အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဗီဒီယိုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေးသည်။
ထို့နောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်း ဒေသကြီး  တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ခန်းမအတွင်း ပြသ ထားသည့်   အထိမ်းအမှတ်ပြခန်းကို လှည့်လည် ကြည့်ရှုအားပေးပြီး အသက် ငါးနှစ်အောက်ကလေး များအား  ဗီတာမင်အေဆေးလုံး     တိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များနှင့်  နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း   သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)