
ပြည် ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူ များ သွားလာမှုအဆင်ပြေစေရေး အတွက် ပြည် - ရန်ကုန်ပြေးဆွဲ လျက်ရှိသော အမှတ် (၇၂) အစုန် အမြန်ရထား လက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ပြည်ဘူတာ၌ လာမည့် ဩဂုတ် ၂၄ ရက်အတွက် အထက်တန်း (၃ ရက်ကြို)လက်မှတ်စောင်ရေ ၉၀၊ ၂၃ ရက် အတွက် (၂ ရက်ကြို) လက်မှတ် စောင်ရေ ၄၂ စောင်နှင့် ၂၁ ရက် အတွက် အထက်တန်း (၁ ရက် ကြို) လက်မှတ် ၂၅ စောင်တို့ကို ခရီးသွားပြည်သူများအား ရောင်းချ ပေးလျက်ရှိပြီး ရိုးရိုးတန်းလက်မှတ် များကို ဩဂုတ် ၂၂ ရက်အတွက် (၁ ရက်ကြို) လက်မှတ်စောင်ရေ ၂၀၀ နှင့် ယနေ့ ၂၁ ရက်အတွက် နေ့ချင်းလက်ကျန် ရိုးရိုးတန်း လက်မှတ်စောင်ရေ ၁၅၈ စောင် အား တန်းစီစနစ်ဖြင့် စာရင်း ကောက်ယူ၍ စိစစ်ရောင်းချပေး နေကြောင်းနှင့် လက်မှတ်ခ ဈေးနှုန်းမှာ ရန်ကုန်သို့ အထက်တန်း ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်း ငွေကျပ် ၅၀၀၀ ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးမည်ဖြစ်
ထိုသို့ ရထားလက်မှတ်များရောင်းချပေးရာတွင် ခရီးသည် တစ်ဦးလျှင် ခရီးသွားမည့်သူ ကိုယ်တိုင်အပါ အထက်တန်း သုံးစောင်၊ ရိုးရိုးတန်းငါးစောင် ရောင်းချပေးခြင်းဖြစ်ပြီး မှတ်ပုံတင် မူရင်းဖြင့် ဝယ်ယူရမည်ဖြစ်ကာ လက်မှတ်များကို နေ့စဉ် နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ်နှင့် နေ့ချင်းလက်ကျန် လက်မှတ်များ ကျန်ရှိနေသေးပါက ည ၇ နာရီတွင် တစ်ကြိမ် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို လက်မှတ်ရုံတွင် တိုက်ရိုက် ဝယ်ယူရမည်ဖြစ်ပြီး အဆင်မပြေမှုများရှိပါက ရုံပိုင်ကြီး (အထူးတန်း) ပြည်ဘူတာထံတွင် လာရောက် အကူအညီတောင်းခံ နိုင်ကြောင်းနှင့် ရထားထွက်ချိန်မှာ နေ့စဉ် ည ၉ နာရီတိတိဖြစ်ကြောင်း မြန်မာ့မီးရထား ပြည်ဘူတာမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)