ယခုဘဏ္ဍာနှစ် ပထမလေးလတာ၌ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု ၁၆၀၀၀ ကျော်ရှိပြီး ငွေကျပ် သိန်း ၁၇၀ ကျော် ဝင်ငွေရရှိခဲ့

ရန်ကုန်   သြဂုတ်   ၂၂


၂၀၂၄-၂၀၂၅ခုနှစ်၏ ပထမလေးလ တာ ကာလဖြစ်သည့် ဧပြီလမှ ဇူလိုင်လ အထိ ပုဂံရှေးဟောင်းသုတေသနပြတိုက် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု     ၁၆၀၀၀   ကျော်ရှိပြီး ငွေကျပ်သိန်း   ၁၇၀ ကျော် ဝင်ငွေရရှိခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်မှ        ဒုတိယညွှန်ကြားရေးမှူး (ပြတိုက်) ဒေါ်ခက်ခက်လှက  ပြောသည်။


ယခုဘဏ္ဍာနှစ်၏   ပထမ လေးလ တာကာလဖြစ်သည့်  ဧပြီလတွင် ပုဂံ ရှေးဟောင်း    သုတေသနပြတိုက်သို့ ပြည်တွင်းခရီးသွား ၆၅၇၅  ဦး ဝင်ရောက် မှုမှမှ ငွေကျပ်  ၆၅၇၅၀၀၀ နှင့် ပြည်ပ ခရီးသွား  ၁၂  ဦး ဝင်ရောက်မှုမှ ငွေကျပ် ၁၂၀၀၀၀၊  မေလတွင်း  ပြည်တွင်းခရီး သွား ၄၁၃၂ ဦး ဝင်ရောက်မှုမှ ငွေကျပ် ၄၁၃၂၀၀၀ နှင့်  ပြည်ပခရီးသွား ၃၅ ဦး ဝင်ရောက်မှုမှ ငွေကျပ် ၃၅၀၀၀၀၊  ဇွန်လ အတွင်း ပြည်တွင်းခရီးသွား ၃၂၈၈ ဦး  ဝင်ရောက်မှုမှ  ငွေကျပ် ၃၂၈၈၀၀၀ နှင့် ပြည်ပခရီးသွား ၂၈ ဦး ဝင်ရောက်မှုမှ ငွေကျပ် ၂၈၀၀၀၀  နှင့် ဇူလိုင်လအတွင်း ပြည်တွင်းခရီးသွား ၂၅၅၃ ဦး ဝင်ရောက် မှုမှ    ငွေကျပ်  ၂၅၅၃၀၀၀  နှင့်  ပြည်ပ ခရီးသွား  ၃၁  ဦး ဝင်ရောက်မှုမှ ငွေကျပ်  ၃၁၀၀၀၀ ရရှိခဲ့ကြောင်း သိရသည်။


“ဒီနှစ်ဘဏ္ဍာနှစ်ရဲ့     ဧပြီလကနေ ဇူလိုင်လအထိ      ပြတိုက်ကို     ခရီးသွား ဝင်ရောက်မှုက  ပွင့်လင်းရာသီမှာ ပိုများ တာပေါ့။ 

အခုလက်ရှိကတော့       မိုးရာသီကာလလည်းဖြစ်၊ ကျောင်းဖွင့်ကာလလည်းဖြစ်နေတော့    ပြတိုက်ကို လည်း ဝင်ရောက်မှုက နည်းသွားတယ်’’  ဟု ဒေါ်ခက် ခက်လှက ဆိုသည်။


ဩဂုတ်လအတွင်း၌   ရှေးဟောင်းသုတေသန ပြတိုက်သို့ ပုံမှန်လူဦးရေ ၂၀ မှ ၈၀ကြား ဝင်ရောက်မှု ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် များတွင် လူဦးရေ ၁၀၀ ကျော်အထိ ဝင်ရောက်မှု ရှိကြောင်း သိရသည်။
‘‘ဒီလ  ဩဂုတ်  ၁  ရက်က ၄၃ ဦးပဲဝင်တယ်၊ အဲဒီလိုမျိုးပဲ ၆၅၊ ၇၀၊ ၈၀၊ ၁၀၀  လောက်ပဲရှိတယ်။  ပိတ်ရက်ဖြစ်သွားတဲ့နေ့တွေဆိုရင်    ၁၀၀     ကျော် လောက်ဝင်တယ်။   ပိတ်ရက်ခံသွားတဲ့နေ့တွေဆို ၁၀၀၊ ၁၀၀ကျော်လောက်ရှိတယ်။ ကျန်တဲ့ရက်တွေ ကတော့ ပုံမှန် ၅၀၊ ၆၀ပေါ့။ တချို့ရက်ဆို ၂၀ ကျော် လောက်ပဲရှိတယ်’’ဟု ဒေါ်ခက်ခက်လှက  ဆိုသည်။


ပုဂံရှေးဟောင်း     သုတေသနပြတိုက်သည် တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ  နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ် ထားပြီး      ပြတိုက်ဝင်ကြေးအနေဖြင့်     ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း သတ်မှတ် ထားကာ   ၁၂  နှစ်အောက်   ကလေးငယ်များနှင့်  ကျောင်းထောက်ခံစာပါရှိပြီး လာရောက်လေ့လာသူ ကျောင်းသား ကျောင်းသူများနှင့် ရဟန်း၊ သံဃာ များကို ဝင်ကြေးကင်းလွတ်ခွင့်ပြုထားကြောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။


ပြီးခဲ့သည့်ယခုဘဏ္ဍာနှစ်အတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ၉၄၉၅၁ ဦးရှိခဲ့ပြီး ငွေကျပ် ၇၁၉ သိန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။     

MT