ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၂၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး     ဧည့်ခန်းမ၌      လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံ လယ်ယာထွက်ကုန်ပစ္စည်း များနှင့်   ရေထွက်ကုန်ကဏ္ဍ   ဖွံ့ဖြိုးရေးဆိုင်ရာများ၊ ဒေသတွင်း    စားရေရိက္ခာဖူလုံပိုလျှံရေး    ပူးပေါင်း ဆောင်ရွက်ရန်    ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့     ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ           တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်