မယ်ဆိုင်ချောင်းရေ တာချီလိတ်မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

 

နေပြည်တော်   ဩဂုတ်  ၂၂


ယနေ့ နံနက်  ၈ နာရီ တိုင်းထွာချက်အရ  မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာအုပ်စု) တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂ ဒသမ ၈၀ ပေ  (၃၉၀ စင်တီမီတာ)  အထက်သို့ တစ်ပေခန့် (၂၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ ချောင်းရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာ နိုင်ပြီး    ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက်   ဆက်လက်တည်ရှိ နိုင်သည်။
သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                    

မိုး/ဇလ