နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကျင်းပ

နေပြည်တော်    ဩဂုတ်   ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ    ပြည်ထောင်စုဝန်ကြီး    ဌာန/ အဖွဲ့ အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွား လာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ  ကျင်းပ ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်  ၁၀  နာရီတွင်  နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) လောကနတ် ခန်းမ၌ ကျင်းပသည်။
အဆိုပါ    အသိပညာပေးဆွေးနွေးပွဲသို့   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့်တာဝန်ရှိသူများက လာရောက်ဆွေးနွေးပြီး ဒုတိယ ဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုအထောက်အကူပြု
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့် အမှာစကားပြောကြားရာတွင်   အဂတိလိုက်စားမှု သည် နိုင်ငံတော်ပိုင် ငွေကြေးနှင့် ပစ္စည်းများ၊ လူ့အဖွဲ့ အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများကို   တိုက်ရိုက်နစ်နာမှုရှိစေသည့်အပြင် တိုင်းပြည်စီးပွားရေးနှင့်   ပြည်တွင်းပြည်ပ   ရင်းနှီး မြှုပ်နှံမှုများ   ဖွံ့ဖြိုးတိုးတက်မှုကိုလည်း   သွယ်ဝိုက်  အဟန့်အတားဖြစ်စေကြောင်း၊ အဂတိကင်းရှင်းသည့်  ပြည်သူ့ဝန်ဆောင်မှုများနှင့် အစိုးရအင်စတီကျူးရှင်း တို့ရှိပါမှ  နိုင်ငံ၏  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ပေါ်ထွက် လာရေးအတွက်လည်း အဓိကအတားအဆီးတစ်ခု ဖြစ်သောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဥပဒေပြဋ္ဌာန်း  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအစီအမံများအဖြစ်   အဂတိလိုက်စားမှု  တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)  ကို   ဖွဲ့စည်းထားရှိကာ  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား အဆင့်ဆင့် ထိရောက်စွာ   ကြီးကြပ်ကွပ်ကဲ    ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်
ထို့နောက်      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြား ရာတွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင်  အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့်  နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြော ပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်    ကောင်းမွန်သည့်အရွေ့တစ်ခု    ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံ တော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြ သည့်    နိုင်ငံ့ဝန်ထမ်းများအနေဖြင့်    ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်၊  ဗဟုသုတများရရှိပြီး     နိုင်ငံ့တာဝန်ကို      ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး    ဆောင်ရွက်ရာတွင်    အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့် မျှဝေပေးကြရန် တိုက်တွန်းပြောကြားသည်။
သိရှိလိုသည်များကိုမေးမြန်းဆွေးနွေး
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော် သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်  စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်     စပ်လျဉ်း၍     လည်း ကောင်း၊  ညွှန်ကြားရေးမှူး  ဒေါ်ဇာဇာမိုးက  အဂတိ လိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စား မှုဖြစ်ပေါ်ရခြင်း    အကြောင်းရင်းများ၊     အဂတိ လိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး  ရှင်းလင်းဆွေးနွေးခဲ့ရာ       တက်ရောက်လာကြသူ များက     သိရှိလိုသည်များကို      မေးမြန်းဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ် သိန်း ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့်တွေ့ဆုံကာ တားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင်  ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊       သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်