
နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၂၁ ရက် ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၂)နှင့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၆)ကျောင်း ဆင်းအရာရှိများနှင့် မိသားစုများ၊ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ပညာရေးဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်နှင့် ငွေကျပ်တစ်ရာတစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်း ကောင်း၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၂) ကျောင်းဆင်းအရာရှိများနှင့် မိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်းနှစ်ဆယ်ကို လည်းကောင်း၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၆) ကျောင်းဆင်း အရာရှိများနှင့် မိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်ဆယ့်ရှစ်သိန်းကိုလည်းကောင်း၊ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းခြောက် ဆယ်ကိုလည်းကောင်း (အောက်ပုံ) ပြည်ထောင်စု ဝန်ကြီးနှင့် အလှူရှင်များက တိုင်းမှူးထံ ဂုဏ်ပြု ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကား ပြောကြားသည်။
အလားတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းသုံးရာနှင့် ငွေကျပ် နှစ်ရာသုံးဆယ့်ခုနစ်သိန်းငါးသောင်းကိုးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါး များကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်း ကို ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းသုံးထောင့်နှစ်ရာခြောက် ဆယ့်ကိုးသိန်း ကိုးသောင်းရှစ်ထောင်နှင့် စားသောက် ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကာ ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်