
ပေါင် ဩဂုတ် ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ပေါင်မြို့နယ်ရှိ ဝဲပတန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပန်းခင်း စီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်း ဇော်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်(၁၈)နှစ် ကြား ၄၁ ဦး၊ အသက် (၁၈)အထက် ၂၂ ဦး စုစုပေါင်းဒေသခံ ၆၃ ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးသည် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မွန်မလေး (ပြန်/ဆက်)