
နေပြည်တော် ဩဂုတ် ၂၄
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့ နံနက်ပိုင်းက ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပ သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်ဒေသများ တွင် ရေရှည်တည်တံ့သောခရီး သွားလုပ်ငန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲ (Seminar on Making Tourism More Sustainable in Cultural Heritage Destinations in the Post Pandemic) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြ သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
စီမံကိန်းသုံးခုရရှိထား
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုစီမံကိန်းအပြင် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်းသုံးခုကို ရရှိထားခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ် နေရာများကို ထိန်းသိမ်းစောင့် ရှောက်ရာတွင် ပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေ အနှစ်နေရာများ၏ ရေရှည် တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံ ကောင်းများကို ပေါင်းစပ်ဆောင် ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း များ ကြံ့ကြံ့ခံနိုင်ရေးအတွက် ရေရှည်တည်တံ့သော ခရီးသွား မူဝါဒနှင့် စီမံကိန်းများရေးဆွဲခြင်း၊ ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှု၊ ခရီးသည်စီမံခန့်ခွဲမှု၊ မဟာဗျူဟာ မြောက် ဈေးကွက်ရှာဖွေခြင်း၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ် နေရာများတွင် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲခြင်း စသည့်မဟာ ဗျူဟာများနှင့် အလေ့အကျင့် ကောင်းများကို မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
အပြန်အလှန်မျှဝေရန်ပြော
ကိုဗစ် - ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများအနေဖြင့် အခက်အခဲနှင့် အကျပ်အတည်း များ များစွာကြုံတွေ့ခဲ့ရပြီး ကိုဗစ်-၁၉ အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရာ၌ နည်းလမ်းအသစ် များ ပြန်လည်စဉ်းစားဖော်ဆောင် ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ယခုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းရာတွင်လည်း ခရီးသွားလုပ်ငန်းများဖြင့် ပိုမို ရေရှည်တည်တံ့အောင် ဆောင် ရွက်နိုင်ရေး ယခုကဲ့သို့ဆွေးနွေးပွဲ ကျင်းပပြုလုပ်၍ မဲခေါင်နိုင်ငံများ ၏ အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေမှုများကို အပြန် အလှန်မျှဝေရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မဲခေါင် - လန်ချန်း ပူးပေါင်းညှိနှိုင်းရေး ရုံးအဖွဲ့ (မြန်မာ)မှ ကိုယ်စားလှယ်တစ်ဦး က အမှာစကား ပြောကြား သည်။
စကားဝိုင်းဆွေးနွေး
အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင် - လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင် များနှင့် ဆွေးနွေးပွဲတက်ရောက် လာသူများက ခရီးသွားလုပ်ငန်း ဖြင့် ဒေသတွင်းယဉ်ကျေးမှုအမွေ အနှစ်ခရီးစဉ်ဒေသများ ရေရှည် တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆိုင်ရာ အလေ့အကျင့် ကောင်းများ မျှဝေခြင်း၊ ယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်ဒေသများ မြှင့်တင်ခြင်းကိစ္စရပ်များကို အပိုင်း သုံးပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေး ခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ကို ပုဂံမြို့ရှိ ရွှေနန်း တော်ဟိုတယ်၌ လက်ခံတွေ့ဆုံ သည်။
နှစ်နိုင်ငံခရီးသွားလုပ်ငန်း
တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီး သွားမြှင့်တင်ရေး ဆောင်ရွက်မှု အခြေအနေများ၊ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်မြို့များကို ညီအမမြို့တော် များ (Sister Cities) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးဆိုင်ရာတို့ကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးဌာနပိုင် ဟိုတယ်များနှင့် တုရင်တောင်ခြေ ရှိ Tuyin Villa Eco Farm အပန်း ဖြေစခန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ညပိုင်းတွင် ကိုဗစ်အလွန် ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများတွင် ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် များကို ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက် ရောက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့်အတူ ညစာသုံးဆောင် ကြရာ ညစာစားပွဲအခမ်းအနား တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ကြောင်း သိရသည်။
သန့်ရှင်းသာယာလှပစေရန်
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံ ဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ ဧည့်လမ်း ညွှန်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အသင်းအဖွဲ့များ၊ Bagan Plastic Campaign အဖွဲ့နှင့်အတူ အားလုံးပူးပေါင်းပါဝင်၍ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်း သန့်ရှင်းသာယာလှပစေ ရန်နှင့် အမှိုက်သရိုက်ကင်းစင် ပပျောက်စေရန် ရည်ရွယ်၍ သီရိ ပစ္စယာဟိုတယ်လမ်းဆုံမှ စတင်၍ မနူဟာဘုရားအထိ စုပေါင်းအမှိုက် ကောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု အားပေး သည်။ အဆိုပါ Bagan Plastic Campaign အဖွဲ့သည် အပတ်စဉ် စနေနေ့ နံနက်တိုင်း စုပေါင်း အမှိုက်ကောက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်