
နေပြည်တော် ဩဂုတ် ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း ကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ် စံနှုန်းများ” လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က နည်းပညာတက္ကသိုလ် (တောင်ငူ)၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ ပဲခူးတိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နည်းပညာ တက္ကသိုလ်(တောင်ငူ) ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်း ဒေသကြီး သယံဇာတရေးရာ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် က လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်က တည်းက ဖြောင့်မတ်တည်ကြည် မှုကို အခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင် ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ် နှင့် လျော်ညီသည့် ရလဒ်များ ရရှိရန်အတွက် ထိထိ ရောက်ရောက် ဦးဆောင်ဦးရွက်ပြု နိုင်သူ” ဟု ဖွင့်ဆိုကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင် စွမ်းရှိကြောင်း၊ လူငယ်များအနေ ဖြင့် ဆန်းသစ်သည့် အတွေးအခေါ် များနှင့် ခေတ်မီနည်းပညာအသစ် များကို ကောင်းမွန်စွာ အသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုး ကို ပိုမိုထိရောက်စွာ တိုက်ဖျက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ အဂတိလိုက်စားမှု ကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံ သော Integrity Pact များ ဖြစ်ပေါ် လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်း လိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ကျောင်းသား ကျောင်းသူများက ၎င်းတို့ သိရှိလို သည်များကို မေးမြန်းကြပြီး ဆွေးနွေးသူများအဖြစ် ပါဝင် ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်