
တောင်ကြီး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ မော်တော် ယာဉ်များဖြင့်ထွက်ခွာကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ ဝင်များ၊ ဒေသခံပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူများက ကြိုဆိုကြရာ နိုင်ငံတော်သမ္မတက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းလိုဏ်ဂူ တော်အတွင်း သီတင်းသုံးလျက်ရှိသည့် ဟိုပုံးကိုရင်လေး ရှင်ပေါရိဿအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် ထမ်းစမ်းလိုဏ်ဂူတော် အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ပြီး လိုဏ်ဂူတော်အတွင်း ကိန်းဝပ် စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းရွှေတိဂုံ ပုံတူစေတီတော်သို့ ရောက်ရှိကြရာ ဒေသခံပအိုဝ်းတိုင်းရင်းသား တိုင်းရင်း သူများက ကြိုဆိုကြပြီး နိုင်ငံတော် သမ္မတက ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းရွှေတိဂုံ ပုံတူစေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ နှင့် ဇနီးနှင့်အဖွဲ့သည် တပ်မတော် အထူးလေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်