ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်မှုစံချိန်တင် 


 

 

ဒါကာ ဇူလိုင် ၆ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၁၅၂၅ ဦးရှိကြောင်းဖော်ပြမှုနှင့်အတူ တစ်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု  အမြင့်ဆုံးဖြစ်ခဲ့ကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၉၆၆၄၀၆ ဦးရှိခဲ့ကြောင်း  ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံးက  သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။ 
တရားဝင်စာရင်းထုတ်ပြန်ဖော်ပြချက်များအရ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကြောင့် ၁၆၃ ဦးထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၁၅၃၉၂ ဦးအထိ တိုးလာခဲ့သည်။ 
သေဆုံးသူမြင့်တက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုပေါင်း ၃၆၆၃၁ ခုပြုလုပ်ခဲ့သည်။ 
ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှဆင်းသွားသူ  ၅၄၃၃ ဦးထပ်တိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၈၄၄၅၁၅ ဦးရှိလာခဲ့သည်။ 
တရားဝင်စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သေဆုံးနှုန်း သည် ယခုအခါတွင် ၁ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်လာခဲ့သည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သောလကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည်တိုးလာခဲ့သည်။ 
ကန့်သတ်ပိတ်ဆို့မှုချမှတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် ဇူလိုင် ၁ ရက်မှစကာ  တစ်ပတ်ကြာ   တင်းကျပ်သည့် အလုံပိတ်ကန့်သတ် ပိတ်ဆို့မှုချမှတ်ခဲ့သည်။                 
       ဆင်ဟွာ