
ဖလော်ရီဒါ ဇူလိုင် ၇
အမေရိကန်အရှေ့တောင်ပိုင်း ဖလော်ရီဒါ ပြည်နယ် ဆာ့ဖ်ဆိုက်ဒေသတွင် ၁၂ ထပ်လူနေအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ရာ ယနေ့အထိ သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း မိုင်ယာမီဒိတ် အုပ်ချုပ်ရေးမှူး ဒယ်နီလာလီဗိုင်း ကာဗာက ဇူလိုင် ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၁၀၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အုပ်ချုပ် ရေးမှူးက ပြောသည်။ မိုင်ယာမီဒိတ်စီရင်စု မီးသတ်အကြီးအကဲ အလန်ကိုမင်စကီးက ရှာဖွေမှုတွင် အားတက်ဖွယ်လက္ခဏာမတွေ့ရ ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
မျှော်လင့်ချက်အလင်းရောင်တစ်စုံတစ်ရာ မတွေ့ ရသေးကြောင်း ကိုမင်စကီးက ပြောသည်။ အပူပိုင်း မုန်တိုင်း အယ်လ်ဆာ နီးကပ်လာသောကြောင့် တစ်နာရီလျှင် လေတိုက်နှုန်းမိုင် ၃၀ (၄၈ ကီလိုမီတာ) အထက်တိုက်ခတ်ပြီး လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ် လာသောကြောင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ကို နှစ်နာရီကြာရပ်ဆိုင်းခဲ့ရသည်။
အဆိုပါလူနေအထပ်မြင့် အဆောက်အအုံသည် ဇွန် ၂၄ ရက်က ပြိုကျခဲ့သည်။
ဆင်ဟွာ