ကပ်ရောဂါကြားမှ လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပါ ရင်ဆိုင်နေရသည့် အီရန်နိုင်ငံ

 

ကေကေစိုး

အီရန်နိုင်ငံသည်    ပူပြင်းလှသည့်     ရာသီအတွင်း  လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်  ရင်ဆိုင် ကြုံတွေ့နေရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အပူချိန် မြင့်တက်မှုနှင့်    မိုးခေါင်မှုတို့ကြောင့်   ရေအား လျှပ်စစ်ထုတ်လုပ်နိုင်မှုကို အခက်အခဲများဖြစ်စေ ခဲ့ရသည်ဟု အာဏာပိုင်များက  ပြောသည်။ 
တောင်းပန်စကားဆို 
လျှပ်စစ်မီးပြတ်တောက်မှုနှင့်     ဆက်စပ်၍ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကိုယ်တိုင် ဇူလိုင် ၇ ရက်တွင် တောင်းပန်စကားဆိုခဲ့သည်။ မိုးခေါင် မှုကြောင့်    ရေအားလျှပ်စစ်     ထုတ်လုပ်ရေးကို ရပ်တန့်ထားရသည်အထိ    ဖြစ်နေသည်ဟုလည်း ပြောကြားခဲ့သည်။   ပြီးခဲ့သည့်    သီတင်းပတ်မှ စတင်ကာ  တီဟီရန်နှင့်   အီရန်နိုင်ငံရှိ မြို့ကြီးများ တွင်  လျှပ်စစ်မီး   မကြာခဏပြတ်တောက်မှုနှင့် ကြုံတွေ့ရသည်။    ယင်းကဲ့သို့  ဓာတ်အားပြတ် တောက်မှုများမှာ  ဇူလိုင်လကုန်ပိုင်းလောက်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟုလည်း  အာဏာပိုင် များက  ပြောသည်။
တာဝန်ရှိ 
တောင်ပိုင်းမှ ရှီရက်ဇ်နှင့် ခါဇီရွန်းနှင့် မြောက် ပိုင်းမှ အမိုးလ်နှင့် ကော့ဒ်ကိုင်း  မြို့တို့အပါအဝင် မြို့ကြီးများတွင်   ဓာတ်အားပြတ်တောက်မှုကို စိတ်ပျက်နေကြသည့်လူများက ဆန္ဒပြခဲ့ကြောင်း   အတိအကျ  အတည်မပြုနိုင်သည့် ဗီဒီယိုဖိုင်တစ်ခု    လူမှုကွန်ရက်မီဒီယာပေါ်တွင် ထွက်ပေါ်လာသည်။  မြို့တော်  တီဟီရန်တွင် နေထိုင်သူ အဇမ်က အစိုးရ အနေဖြင့် လျှပ်စစ်မီး ကဲ့သို့သော အခြေခံလိုအပ် ချက်ကို    ဖြည့်ဆည်းပေးရန်  တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ 
ထိခိုက်စေ 
အာဏာပိုင်များကမူ ပြည်သူများ  စိတ်ရှည် သည်းခံကြရန်သာ  တောင်းဆိုထားသည်။ စီးပွား ရေးလုပ်ငန်းအားလုံးမှာ လျှပ်စစ်မီးနှင့်  လုပ်ကိုင် ကြရပြီး    လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြောင့်   ဘဝနေထိုင်မှုကို   ထိခိုက်စေသည်ဟု ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ဟာမစ်က ပြောသည်။ စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အား ဖြတ်တောက်မည့် အချိန်စာရင်းကို     ဖော်ပြလေ့ ရှိသော်လည်း      မကြာသေးမီရက်များအတွင်း  မြို့သူမြို့သား အများအပြားနှင့်  စီးပွားရေးလုပ်ငန်း အများအပြားမှာ     လျှပ်စစ်မီးပြတ်တောက်မှု မမျှော်လင့်ဘဲ ကြုံတွေ့နေကြရသည်။
မကျေနပ်မှုများပြား 
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း    ပြည်သူ များကြုံတွေ့ရသည့်  အခက်အခဲအတွက် ဝမ်းနည်း ရကြောင်း     အီရန်သမ္မတက   ပြောကြားခဲ့သည်။  လျှပ်စစ်မီးပြတ်တောက်မှုနှင့်      စပ်လျဉ်းပြီး ကျင်းပ သည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ယခုလို      ပြောကြားခဲ့ခြင်းဖြစ်သည်။    ယင်းသို့  ဓာတ်အားပြတ် တောက်မှုများကြောင့်  ပြည်သူများကြားတွင်  အပြစ် တင်မှုများနှင့်   မကျေနပ်မှုများ များပြားနေသည်။ 
မိုးခေါင်မှုနှင့်ကြုံတွေ့နေရ
အခြားတစ်ဖက်မှကြည့်လျှင်လည်း   ရေအား လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ၏    အခြေအနေ ကြောင့်     လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ လျော့ကျရသည်ဟု  အီရန်သမ္မတက  ပြောသည်။ ဇူလိုင် ၆ ရက်ကလည်း အီရန်နိုင်ငံသည် မျှော်လင့်မထားသည့်မိုးခေါင်မှုနှင့်  ကြုံတွေ့နေရပြီး ပြီးခဲ့သည့် နှစ်နှင့်ယှဉ်လျှင် မိုးရေချိန် ပျမ်းမျှ ၅၂ ရာခိုင်နှုန်းရှိ ကြောင်း   ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း များအတွက်  သုညအနေအထားသို့  ကျရောက်နေ သည်ဟု  ၎င်းက  ပြောသည်။
အမေရိကန်အပေါ်အပြစ်တင် 
သတ်မှတ်ထားသည့် အချိန်စာရင်းအတိုင်းသာ လျှပ်စစ်မီး      ဖြတ်တောက်နိုင်ရေးအတွက်လည်း  စွမ်းအင်ဝန်ကြီးကို  သမ္မတက တောင်းဆိုထားသည်။ အီရန်သမ္မတသည်    ယခုလိုဖြစ်ရခြင်းအပေါ်  အမေရိ ကန်အပေါ်တွင်လည်း      အပြစ်တင်ထားသည်။ အမေရိကန်က  အီရန်နိုင်ငံအပေါ်    ပိတ်ဆို့မှုများ ပြုလုပ်ထားသည့်အတွက် စွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်နိုင်သည့်အတွက် ယခုလိုဖြစ်ရပ် မျိုးနှင့်  ကြုံတွေ့ရခြင်းဖြစ်ကြောင်း  အီရန်သမ္မတ က  ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် ရင်းနှီးမြှုပ် နှံမှုများမရှိသဖြင့် စီမံကိန်းကြီးများလည်း မပြုလုပ် နိုင်ဟု  အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 
ရင်းနှီးမြှုပ်နှံမှုကိုထိခိုက်စေ 
တိုင်းပြည်အကျပ်အတည်းများကြား ကျရောက် နေချိန်တွင်     မည်သူက     ရင်းနှီးမြှုပ်နှံမှုပြုလုပ်လို သနည်းဟု    ၎င်းကဆက်ပြောသည်။   ပိတ်ဆို့ ကန့်သတ်မှုများကြောင့်  အီရန်နိုင်ငံ၏  စီးပွားရေး သည်  အကျပ်အတည်းကြား အဆိုးရွားဆုံးကျရောက်  ရသည်ဟု ပါရီမြို့ရှိ အပြည်ပြည်ဆိုင်ရာနှင့် မဟာ ဗျူဟာမြောက် ဆက်သွယ်ရေးအင်စတီကျုမှ သီရီ ရယ်ရီ     ကိုဗေးလ်က    ပြီးခဲ့သည့်လအတွင်းက အေအက်ဖ်ပီသို့   ပြောကြားခဲ့သည်။   ပိတ်ဆို့ခံရမှု အကျပ်အတည်းကြောင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို  ထိခိုက်စေခဲ့သည်။ 
ဝန်ထုပ်ဝန်ပိုးနှင့်ကြုံရ 
အစိုးရအဖွဲ့အစည်းအဝေးပြီးနောက်  စွမ်းအင် ဝန်ကြီးက  အီရန်ပြည်သူများကို   အနူးအညွတ် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ ဩဂုတ်လ နှောင်းပိုင်း မတိုင်မီအချိန်အထိ တစ်ပတ်လျှင် တစ်ရက် အပိုပိတ်ရမည်ဖြစ်ပြီး  စွမ်းအင်ကိုချွေတာ ရန်အတွက်ဖြစ် သည်ဟု       ၎င်းက  ဆက်လက်ပြော ကြားခဲ့သည်။  လျှပ်စစ်မီးပြတ်တောက်မှုကြောင့်    မြို့တော်တွင်   မီးပွိုင့်များ   အလုပ်မဖြစ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးနှင့်  ကြုံတွေ့ရသည်ဟု     တီဟီရန် ရဲဌာနအကြီးအကဲက ပြောသည်။ 
ရုန်းကန်နေရ 
လက်ရှိနိုင်ငံအတွင်း ကိုဗစ် - ၁၉  ကပ်ရောဂါ  အခြေအနေနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ  မီးပြတ် တောက်မှုသည်  ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည် ဟု   တီဟီရန်ရှိ ကိုဗစ် - ၁၉ တိုက်ဖျက်ရေးအကြီးအကဲ ဖြစ်သူက  သတိပေးပြောကြားခဲ့သည်။ မြို့တော် အတွင်း ကိုဗစ်- ၁၉  ကူးစက်မှုကို   ကြံ့ကြံ့ခံရင်ဆိုင်  ရန်    ပြင်ဆင်နေချိန်        ကျန်းမာရေးစင်တာများတွင်  လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ သည့်အတွက်    ကူးစက်မှုကို    တိုက်ဖျက်ရာတွင် ရုန်းကန်နေရသည်ဟု  ပြောသည်။ 
အဆိုးဆုံးဒဏ်ခံရသည့်နိုင်ငံ 
အီရန်နိုင်ငံတွင် ကိုဗစ် -၁၉  ကူးစက်ခံရ၍ သေဆုံးသူ  စုစုပေါင်း ၈၅၀၀၀ ရှိပြီဖြစ်ပြီး ကူးစက် ခံရသူ စုစုပေါင်းမှာမူ  ၃ ဒသမ ၃ သန်းကျော်ရှိလာပြီ ဖြစ်သည်။ အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ တွင်း  ကိုဗစ် - ၁၉  ကို  အဆိုးရွားဆုံးဒဏ်ခံနေရသည့် နိုင်ငံလည်း  ဖြစ်သည်။ အီရန်၏ နွေရာသီကာလ တွင်  လျှပ်စစ်မီးပြတ်တောက်မှုမှာ  မကြုံဖူးသည့် ဖြစ်ရပ်မျိုးတော့   မဟုတ်ပေ။  သို့သော်လည်း ယခုနှစ်     လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ  ၁၁ နှစ်တာကာလအတွင်း  အဆိုးရွားဆုံးဖြစ်ရပ်ဟု   အီရန်သမ္မတက  ပြောကြားခဲ့သည်။      ။     
ကိုးကား - အေအက်ဖ်ပီ